နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လီဗာပူးရဲ့ ချန်ပီယံလိဂ် သွင်းဂိုး အများဆုံးနဲ့အမြန်ဆုံးသွင်းဂိုးရှင် ကစားသမား ဖြစ်လာတဲ့ ဆာလက်

ဒီဇင်ဘာ    ၁၁


ဗုဒ္ဓဟူးနေ့ညကချန်ပီယံလိဂ်ပွဲစဉ်အဖြစ်လီဗာပူးလ်နဲ့ မစ်ဂျေးလန်းတို့ ပွဲစဉ်မှာ သွင်းဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဆာလက်ကတော့ လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ် သွင်းဂိုး အများဆုံး သွင်းယူနိုင်တဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဆာလက်က ချန်ပီယံ လိဂ်မှာ သွင်းဂိုး ၂၂ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် လက်ရှိအချိန်မှာယခင်က ဂိုး အများဆုံးသွင်းယူထားတဲ့ ဂျရတ် ( ၂၁ ဂိုး ) ကို ကျော်တက်သွားခဲ့ပြီဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာသွင်းဂိုး အများဆုံးသွင်းယူထားတဲ့လီဗာပူးလ်ကစားသမားတွေကတော့ ဆာလက်-၂၂  ဂိုး၊ဂျရတ်- ၂၁ ဂိုး၊မာနေး-၁၇ ဂိုး နဲ့ဖာမင်နို- ၁၅ ဂိုးတို့ဖြစ်ပါတယ်။ လီဗာပူးသမိုင်းတစ်လျှောက် ချန်ပီယံလိဂ် သွင်းဂိုး အများဆုံးသွင်းယူနိုင်တဲ့ ကစားသမားဖြစ်လာတဲ့အပေါ် ဆာလက်က ဂုဏ်ယူမိကြောင်း အခုလိုပဲ ပြောသွားခဲ့ပါတယ်" အသင်းရဲ့ သမိုင်းတစ်လျှောက် ချန်ပီယံလိဂ် သွင်းဂိုးအများဆုံး ကစားသမား ဖြစ်လာတဲ့အတွက် ခံစားချက်ကတော့ ပြောမပြ တတ်အောင်ပါပဲ၊ တစ်ဆက်တည်းမှာပဲ အရမ်းလည်း ဂုဏ်ယူမိပါတယ်၊ အခုလိုပဲ သွင်းဂိုးတွေ ဆက်တိုက် သွင်းယူနိုင်ဖို့ ကြိုးစားသွားမှာပါ၊ နောက်ပြီး ကျနော်နဲ့ အခြားသူတွေရဲ့ ကြားထဲက ချန်ပီယံလိဂ် သွင်းဂိုးကွာခြားချက် ပိုများလာဖို့လည်း ကြိုးစားသွားပါမယ်၊ ကျနော် ကတော့ အသင်းကို အကူအညီ ပေးချင်တဲ့အတွက်၊ နိုင်ပွဲတွေ ရစေချင်တဲ့အတွက် သွင်းဂိုးတွေ သွင်းယူပေးနေတာပါ၊ ဒါကပဲ အရေးကြီးဆုံး အရာပါ " ဆိုပြီး ပြောသွားခဲ့ပါတယ်။" ကျနော်ကတော့ အမြဲတမ်း ဂိုးတွေသွင်းနေတာဟာ အသင်းကို နိုင်ပွဲတွေရဖို့ ကူညီပေးချင်ရုံသက်သက်ပါ၊ ဒါ့အပြင် မစ်ဂျေးလန်းနဲ့ ပွဲမှာပွဲစပြီး ၅၅ စက္ကန့်နဲ့ သွင်းယူခဲ့တဲ့ ဆာလက်ရဲ့ သွင်းဂိုးဟာ လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အမြန်ဆုံး သွင်းဂိုးအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်”လို့ ဖာမင်နိုက ပြောခဲ့ပါတယ်။ မစ်ဂျေးလန်းနဲ့ ပွဲစဉ် အပေါ်မှာလည်း ဆာလတ်က" မစ်ဂျေးလန်းက အကောင်းဆုံး လူကပ်ပြီး ကစားနိုင်ခဲ့တာကြောင့် ကျနော်တို့အတွက် ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်၊ ကျနော်တို့ စောစော စီးစီး သွင်းဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့တယ်၊ နောက်ပိုင်းမှာ မစ်ဂျေးလန်းကလည်း အကောင်းဆုံး တုန့်ပြန် ကစားခဲ့တယ်။ ပြိုင်ပွဲက သရေရလဒ်နဲ့ ပြီးဆုံး သွားခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ဟာ နောက်တစ်ဆင့်ကို တက်ပြီးသားဖြစ်နေတာကြောင့် ဒီနေ့ပွဲကတော့ သင်ယူစရာတွေ သင်ယူခဲ့ရတဲ့ ပွဲတစ်ပွဲပါ " ဆိုပြီး မှတ်ချက် ပေးသွားခဲ့ပါတယ်။                                                                                                                         

(SO)






အခြားဆက်စပ်သတင်းများ