နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မာရာဒိုနာထက်စောပြီးကမ္ဘာ့ဖလားပိုင်ဆိုင်ခဲ့သူ အီတလီဂန္ထဝင်ကြီးပေါ်လိုရော့စီ

   ဒီဇင်ဘာ  ၁၁


အသက် ၆၄ နှစ်သာရှိသေးတဲ့အီတလီစူပါစတားကြီးပေါ်လိုရော့စီဟာပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့က ကွယ်လွန်သွားခဲ့ပါပြီ။ တစ်ချိန်ကတော့ အီတလီ အသင်းနဲ့အတူ ကမ္ဘာ့ဖလားကြီးကို သိမ်းပိုက်ထားခဲ့သူပါ။ ဒါပေမယ့် မာရာဒိုနာလောက်တော့ လူတွေ သိပ်သိကြမှာ မဟုတ်ပါဘူး။ မကြာသေးခင်ကမှ ဆုံးပါးသွားခဲ့တဲ့ မာရာဒိုနာက အာဂျင်တီးနားနဲ့အတူ ၁၉၈၆ မှာ ကမ္ဘာ့ဖလား သိမ်းပိုက်ခဲ့သူ ဖြစ်သလို မာရာဒိုနာ မတိုင်ခင် ၄ နှစ်လောက်တည်းက  ပေါ်လို ရော့စီက ကမ္ဘာ့ဖလားကြီးကို ရရှိထားခဲ့သူပါ။ တိုက်စစ်မှူးကြီးပေါ်လိုရော့စီဟာ မာရာဒိုနာ၊ ပီလီတို့လောက် အောင်မြင်မှု မရခဲ့ပေမယ့် ကစားသမား ဘဝမှာ အီတလီ စီးရီးအေရဲ့ နာမည်ကြီး အသင်းတွေ ဖြစ်ကြတဲ့ ဂျူဗင်တပ်စ်နဲ့ အေစီမီလန် တို့လို အသင်းကြီးတွေမှာ ကစားခဲ့ဖူးပြီး၊ ဂျူဗင်တပ်စ် အသင်းနဲ့အတူ စီးရီးအေ ချန်ပီယံ ၂ ကြိမ်နဲ့ ဥရောပဖလား (ယခု ချန်ပီယံလိဂ်) ဖလားတို့အပြင် ကိုပါ အီတာလီယာဖလား၊ ယူအီးအက်ဖ်အေ စူပါဖလားတို့ကိုလည်း ရရှိခဲ့ပါသေးတယ်။ အီတလီသားတွေတင်သာမက ဘောလုံးလောကအတွက် မေ့လို့မရနိုင်ခဲ့တဲ့ တိုက်စစ်မှူးကြီး ဟာ ၁၉၈၂ ခုနှစ်က အီတလီ အသင်းနဲ့အတူ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ နာမည်ကြီး အသင်းတွေဖြစ်ကြတဲ့ အာဂျင်တီးနား၊ ဘရာဇီးလ်တို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အာဂျင်တီးနား အသင်းကို (၂-၁) ဂိုးနဲ့ အနိုင်ယူ ကျော်ဖြတ်ခဲ့ပြီး ဘရာဇီးလ်နဲ့ ရင်ဆိုင်ချိန်မှာတော့ ရော့စီဟာ ဟက်ထရစ်ဂိုး သွင်းယူပြီး ခြေစွမ်းကောင်းတွေ ပြသခဲ့သလို ပိုလန်နဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်မှာလည်း သွင်းဂိုး ၂ ဂိုး သွင်းယူပြီး ဖိုင်နယ် အဆင့်ကို ပို့ဆောင်ပေးခဲ့ပါတယ်။ အဲဒီနောက် ဖိုင်နယ်အဆင့်မှာ အနောက်ဂျာမနီနဲ့ ရင်ဆိုင်ခဲ့ရပြီး ရော့စီရဲ့ အဖွင့်ဂိုး အပါအဝင် အီတလီက (၃-၁) နဲ့ အနိုင်ရကာ ကမ္ဘာ့ဖလားကြီးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ နောက်ပြီး ရော့စီဟာ အဆိုပါ ပြိုင်ပွဲရဲ့ သွင်းဂိုးအများဆုံး ရွှေဖိနပ်ဆု၊ အကောင်းဆုံး ကစားသမားဆုတွေအပြင် အဆိုပါ ခုနှစ်ရဲ့ ရွှေဘောလုံးဆုကိုလည်း ရရှိခဲ့ပါတယ်။ ရာစုနှစ်ရဲ့ အကောင်းဆုံး ကစားသမား စာရင်းမှာ နံပါတ် (၁၂) အဖြစ် ရှိနေခဲ့ပါတယ်။                                                               

  (SO)






အခြားဆက်စပ်သတင်းများ