နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထုတ်ပယ်ခံရနိုင်ခြေအဆင့် ၃ နေရာကိုရောက်ရှိလာတဲ့ နည်းပြအာတီတာ

 ဒီဇင်ဘာ    ၁၁


ပရီးမီးယားလိဂ်ရဲ့ လန်ဒန်ကလပ်ဖြစ်တဲ့ အာဆင်နယ် အသင်းရဲ့ နည်းပြဖြစ်သူ မီခေး အာတီတာ ကတော့ အဆင့် ၃ နေရာကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါ အဆင့် ၃ နေရာကတော့ ပရီးမီးယားလိဂ်မှာ ထုတ်ပယ်ခံရနိုင်သည့် နည်းပြတွေထဲမှာ ရေပန်းအစားဆုံး စာရင်းမှာ အလေးပေးမှု ၉ :၂ နဲ့ ရှက်ဖီးလ်ယူနိုက်တက်နည်းပြ ခရစ်ဝိုင်ဒါနှင့် ဝက်စ်ဘရွန်းနည်းပြ ဘီလစ်တို့ရဲ့နောက် တတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ နည်းပြအာတီတာရဲ့ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ တော့တင်ဟမ် အသင်းနဲ့ လန်ဒန်ဒါဘီ ပြိုင်ပွဲအဖြစ် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ကစားပုံအရ အရမ်းကြီးမဆိုးရွားပေမယ့် နည်းပြမော်ရင်ဟိုရဲ့ တော့တင်ဟမ်အသင်းကိုတော့ (၂) ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူကာ ကစားနိုင်ခဲ့ပေမယ့် နည်းပြ မော်ရင်ဟိုရဲ့ ခံစစ်ပိုင်း ကစားပုံအောက်မှာ ထိရောက်တဲ့ ထိုးဖောက်မှုမျိုး သိပ်ပြီး မလုပ်ဆောင်နိုင်ခဲ့ သလို ခံစစ်ပိုင်းနဲ့ ကွင်းလယ် ချိတ်ဆက်မှုဟာလည်း တော့တင်ဟမ်ရဲ့ တိုက်စစ်ပိုင်းကို ထိန်းချုပ်နိုင်စွမ်း မရှိခဲ့တာကြောင့် ဆွန်ဟောင်မင်၊ ဟယ်ရီကိန်းတို့ရဲ့ တစ်လုံးဆိုတစ်လုံး ထိုးဖောက် တိုက်စစ်ဆင် မှုအောက်မှာ ပေးဂိုးတွေကို ခွင့်ပြုခဲ့ကြရတာပါ။ အာဆင်နယ်လ်ဟာဒီရာသီ ပရီးမီးယားလိဂ်  ၁၁ ပွဲ ကစားပြီးချိန်မှာ  ၆ ပွဲအထိ ရှုံးနိမ့်ထားပြီး အဆင့်  ၁၅ နေရာမှာ ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ ပွဲမှာ ရမှတ်  ၁၃  မှတ်သာ ရရှိထားခဲ့ပါတယ်။ နောက်ပြီး အာဆင်နယ်ရဲ့ တိုက်စစ်ပိုင်းကလည်း ၁၁  ပွဲမှာ ၁၀ ဂိုးသာ သွင်းယူထားပြီးခံစစ်ပိုင်းကလည်း ပေးဂိုး ၁၈ ဂိုးအထိ ခွင့်ပြုထားခဲ့ရကာ တန်းဆင်းဇုန်က ဘန်လေ၊ ရှက်ဖီးလ်တို့နဲ့ တူညီနေခဲ့တာဖြစ်ပါတယ်။ အာတီတာကတော့ " ကျွန်တော်ရဲ့ ကစားသမားတွေကို ဆက်ပြီး တိုက်ပွဲဝင်ဖို့နဲ့ရှေ့ဆက်သွားဖို့ အားပေးရပါမယ်။ အဲဒါကလွဲပြီး တခြားနည်းလမ်း မရှိပါဘူး။ ဒါပေမယ့် ကျွန်တော့်အသင်းဆီမှာ စိတ်အားထက်သန်မှု၊ ပွဲကို လွှမ်းမိုးနိုင်မှု၊ အခွင့်အရေး ဖန်တီးနိုင်မှု အစရှိတဲ့ အခြေအနေအားလုံး အပြည့်ရှိတယ်ဆိုတာတွေတော့ မြင်ရပါတယ်။ ဒါပေမယ့် အဆုံးသတ်ပိုင်းက အဓိက ကျတာ ကြောင့်ကျွန်တော်တို့ ဂိုးတွေ သွင်းနိုင်ဖို့ နဲ့ဂိုးပိုက်ထဲကို ဘောလုံးသွင်းနိုင်ဖို့ အရေးတကြီး လိုအပ်ပါတယ်” လို့ ဆိုသွားခဲ့ပါတယ်။                                                                                                                  


 (SO)






အခြားဆက်စပ်သတင်းများ