နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Team work ကိုဦးစားပေးလိုပြီး တစ်ကိုယ်တော်နာမည်ကောင်းမခံယူလိုတဲ့ လီဗာပူးနည်းပြယာဂန်ကလော့

ဒီဇင်ဘာ  ၁၁


ESPN သတင်း ဌာနက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ  ၂၀၂၀  အကောင်းဆုံးဆုတွေကို တရားဝင်ထုတ်ပြန် ကြေညာပေးခဲ့ရာမှာ အကောင်းဆုံး နည်းပြဆုကို ဘွန်ဒက်စ်လီဂါကလပ်ဘိုင်ယန်မြူးနစ်နဲ့အတူလက်ရှိ ဖလား 4 လုံးအထိ ဆွတ်ခူးထားတဲ့ နည်းပြ ဟန်ဆီဖလစ်ကို ကျော်ဖြတ်ကာ လီဗာပူးလ်နည်းပြယာဂန်ကလော့ပ် က အကောင်းဆုံးနည်းပြအဖြစ် အရွေးချယ်ခံလိုက်ရကြောင်းသိရှိခဲ့ရပါတယ်။ ဗုဒ္ဓဟူးနေ့ညက မစ်ဂျေလန်း နဲ့ချန်ပီယံလိဂ်ပွဲ မကစားမီ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် တစ်ယောက်ကနည်းပြ ယာဂန်ကလော့ကို ဟန်ဆီဖလစ်ကို ကျော်ဖြတ်ပြီး ၊  ၂၀၂၀  အကောင်းဆုံးနည်းပြအဖြစ်သတ်မှတ်ခံခဲ့ရတာနဲ့ ပတ်သက်လို့ ဘယ်လို မှတ်ချက် ပေး ချင်လဲလို့  မေးမြန်းခဲ့ရာ ကလော့က "ငါ…..ရခဲ့လား၊သိတောင်မသိပါဘူး၊ ကျနော်ကချန်ပီယံလိဂ်ဖလားကိုဆွတ်ခူးထားတဲ့  ဟန်ဆီဖလစ်ထက် ပိုပြီး ထိုက်တန်မှု ရှိရဲ့လားဆိုတော့၊ လုံး၀မရှိပါဘူး။ ကျနော့်ဘက်က ပြောနိုင်တာ တစ်ခုက ဒီဆုကို ရွေးချယ်ဖို့ မဲပေးတဲ့ အချိန်မှာ ကိုယ်တိုင်လည်း ပါဝင်ခဲ့တာ မဟုတ်ပါဘူး။  မနှစ်ကတော့ ဖီဖာ ကနေ ပေးအပ်တဲ့ အကောင်းဆုံးနည်းပြဆုကို ကျနော် ရခဲ့ပါတယ် ဒါကလည်း ချန်ပီယံလိဂ် ဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့တဲ့ အတွက်ကြောင့်ပါ။ ကိုယ့်တစ်ဦးတည်းအမြင်ကို ပြောရရင် အကောင်းဆုံးနည်းပြဆုတွေအပေါ် လုံး၀ အယုံအကြည်မရှိပါဘူး။ လက်ရှိ အခိုက်အတန့်မျိုးမှာ နည်းပြ တစ်ယောက်တည်းကိုရွေးပြီး အကောင်းဆုံး ဆုပေးတာမဟုတ်ဘဲ ၊ နည်းပြ အဖွဲ့ဝင် တစ်ခုလုံး အတွက်ပါ သတ်မှတ်ပေးမယ် ဆိုရင်တော့ ၊ ကျနော်က ရှေ့ဆုံးကနေ ပါတီပွဲတွေ လုပ်ပြီး ကြိုဆိုပေးမှာပါ။ အကောင်းဆုံး နည်းပြဆုဆိုတာကြီးကို နည်းပြချုပ်တစ်ယောက်တည်းကိုပဲ ရွေးပြီး ပေးအပ်နေသမျှ ကာလပတ်လုံးတော့၊ ကျနော့်ဘက်က လုံး၀စိတ်မဝင်စားပါဘူး။ စကားမစပ် ……. ဒီဆုအတွက် မဲပေးခဲ့တဲ့ သူတွေ အားလုံးကို ကျေးဇူးတင်ကြောင်းတော့ ပြောချင်ပါတယ်။  ဆောရီး …….ဟန်ဆီ ဖလစ်ရေ….. ။ တကယ်တော့ ဒီဆုဟာ မင်းပဲ ရသင့်တာပါ” လို့ ပြောဆိုသွားခဲ့ ပါတယ်။ လီဗာပူးလ်နည်းပြကလော့ရဲ့ ကိုယ်ချင်းစာတရား ထားတတ်တဲ့စိတ်၊ Team Work ကို ဦးစားပေးပြီး တစ်ကိုယ်တော် နာမည်ကောင်း မခံလိုတဲ့ စိတ်ထားတွေကတော့ တကယ်ကို စံပြတစ်ယောက်ပဲဖြစ်ပါတယ်။                                  

(SO)






အခြားဆက်စပ်သတင်းများ