နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
YouTube မှ တိုက်ရိုက်ထုတ်လွှင့်မှုများကို HDR စနစ်ဖြင့် ကြည့်ရှုနိုင်ပြီ

ဒီဇင်ဘာ ၁၁


YouTube က၂၀၁၆ခုနှစ်မှ စတင်ကာ HDR ထောက်ပံ့မှုပြုလုပ်လာခဲ့သည်။ သို့သော် တိုက်ရိုက်ထုတ် လွှင့်မှုများကိုထောက်ပံ့ခြင်းမဟုတ်ဘဲ HDR ဗီဒီယိုဖိုင်များကိုသာHDR ဖြင့် ကြည့်နိုင်အောင် ထောက်ပံ့ထားခြင်းဖြစ် သည်။

ယခုအခါတွင် Google က YouTube မှ တိုက်ရိုက်ထုတ်လွှင့်မှုများကိုလည်း HDR ဖြင့် ကြည့်ရှုနိုင်အောင် ထောက်ပံ့လာပြီဖြစ်သည်။

HDR (High Dynamic Range) ကြောင့် ကြည့်ရှုသူများအနေဖြင့် အရောင်ပေးစွမ်းမှုကောင်းမွန်သည့် Content များကိုကြည့်ရှုနိုင်မည်ဖြစ်ပြီးYouTube မှာတိုက်ရိုက်ထုတ်လွှင့်သူများကလည်း HDR ထုတ်လွှင့် မှုပြုလုပ်နိုင်ပြီဖြစ်သည်။

သို့သော် အသုံးပြုသူများအနေဖြင့် HDR ရုပ်ထွက်သုံးနိုင်သည့် Device ရှိရန် လိုအပ်ပြီးမိမိ၏ Device က HDR ထောက်ပံ့မှုမရှိပါကHDR Option လည်းပြသမည်မဟုတ်ကြောင်းသိရသည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ