နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒုံးပျံ အိမ်သုံးအင်တာနက်ကို 20 Mbps မှ 25 Mbps သို့ မြှင့်တင်ပေးထား

ဒီဇင်ဘာ ၁၀


Mpt ၏ ဒုံးပျံ အိမ်သုံးအင်တာနက်ကို 20 Mbps မှ 25 Mbps သို့ ဒီဇင်ဘာလအတွင်း ဈေးနှုန်းပြောင်းလဲမူမရှိဘဲ အလိုအလျောက် မြန်နှုန်းတိုးမြှင့်ပေးပြီးဖြစ်သည်။ MPT ၏ ဒုံးပျံအိမ်သုံး ဖိုင်ဘာအင်တာနက်ကို အသစ်လျှောက် ထားသူများအားလုံးနှင့် လက်ရှိအသုံးပြုနေသူများအတွက် ယခင် ၃၉၀၀၀ ကျပ် ကို 20 Mbps မှ ယခု 25 Mbps သို့ပြောင်းလဲပေးထားသည့်အပြင် ဒီဇင်ဘာလ  ၁ ရက်မှ  ၃၁ ရက်အတွင်း တပ်ဆင်သွားပါက တပ်ဆင်ခ ၅၀,၀၀၀ ကျပ်နှင့်အတူ ဇန်နဝါရီလအတွက်အခမဲ့အသုံးပြုခွင့်ကိုပါရရှိမည်ဖြစ်သည်။

တပ်ဆင်သည့် အမြန်နှုန်းအမျိုးအစားအလိုက် မိုဘိုင်းလ်ဒေတာ၊ MPTအချင်းချင်း ဖုန်းခေါ်ဆိုမှုနှင့် အကန့်အသတ်မဲ့ စာတိုဝန်ဆောင်မှုတို့ကို လစဉ် MPT မိုဘိုင်းလ်ဖုန်း ၅ လုံးအထိ အသုံးပြုနိုင်ခွင့်တို့ပါ  ထပ်ပေါင်းအကျိုးအမြတ် များအနေဖြင့်ရရှိမည်ဖြစ်သည်။ 

အသေးစိတ်အချက်အလက်များကို MPT Webpage http://bit.ly/MptDomePyanMM နှင့်ဖုန်းနံပါတ် 2800 ကိုနှိပ်၍ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပြီဖြစ်သည်။ MPT ဒုံးပျံအင်တာနက်ကို လျှောက်ထားချင်သူများအနေဖြင့် http://bit.ly/DomePyanappformMM ကိုနှိပ်ပြီး အလွယ်တကူ လျှောက်ထားနိုင်ပြီဖြစ်သည်။

(WP)






အခြားဆက်စပ်သတင်းများ