နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
OK $ App မှတဆင့် SME Development Bank ဘဏ်အပ်နှံငွေစာရင်းများထဲသို့ ငွေလွှဲစုဆောင်းမှု ပြုလုပ်ပုံ

ဒီဇင်ဘာ ၁၀


ဘဏ်ခွဲများသို့သွားရောက်ရန် အခက်အခဲရှိသူများအနေဖြင့် SME Development Bank ၏ ဘဏ်အပ်နှံငွေစာရင်းများ ထဲသို့ OK $ မှတစ်ဆင့် လွယ်လွယ်ကူကူ ငွေစုဆောင်းမှုတစ်ရပ်ပြုလုပ်နိုင်ပြီဖြစ် သည်။ Covid ကာလအတွင်း ဘဏ်ခွဲများသို့သွားရောက်ရန် အခက်အခဲရှိသူများအနေဖြင့် OK $ မှတစ်ဆင့် SME Development Bank ၏ ဘဏ်အပ်နှံငွေစာရင်းများထဲသို့ ငွေစုဆောင်းမှုတစ်ရပ် ပြုလုပ်နိုင်ပြီဖြစ်သောကြောင့် ငွေစုဆောင်းရန်အတွက် အပြင်ထွက်ရန်မလိုဘဲ အဆင်ပြေချောမွေ့စေနိုင်သည်။ ထိုသို့စုဆောင်းလိုသူများအနေဖြင့် OK $ App မှတစ်ဆင့် SME Development Bank ဘဏ်အပ်နှံငွေစာရင်းများထဲသို့ ငွေလွှဲစုဆောင်းမှု ပြုလုပ်ပုံအဆင့်ဆင့်ကို အောက်တွင်ဖော်ပြပေး လိုက်သည်။

အဆင့်(၁)- OK $ APP ထဲ မှ ဘီလ်ပေးချေမှုဝန်ဆောင်မှု ကို နှိပ်ရမည်။

အဆင့်(၂)-မိမိအကောင့်ထဲသို့ Password ဖြင့် Login ဝင်ရမည်

အဆင့်(၃)-SME Development Bank ၏ ဘဏ်အမည်နှင့် Logo ပါသော Icon ကို နှိပ်၍ ငွေသွင်းဆောင်ရွက်ခြင်းများကို ပြုလုပ်နိုင်ပြီဖြစ်သည်။

ငွေစုဆောင်းမှုပြုလုပ်တတ်သော SME Development Bank အပ်ငွေစာရင်းဖွင့်လှစ်ထားသူတစ်ဦး အနေဖြင့် ငွေလွှဲပမာဏအများဆုံးတစ်ကြောင်းလျှင် ကျပ်သိန်း(၅၀)မှ နေ့စဉ်ငွေလွှဲပမာဏအများဆုံးကျပ် သိန်း(၂၀၀) အထိ OK $ APP မှတစ်ဆင့် SME Development Bank၏ (Saving ,Current & Card A/C)များထဲသို့ ငွေလွှဲစုဆောင်းနိုင်မည်ဖြစ်သည့် အပြင် SME Development Bank ၏ဘဏ်အပ်ငွေစာရင်း မဖွင့်လှစ်ရသေးသူများအနေဖြင့် ဘဏ်အပ်ငွေစာရင်းရှိသူတစ်ဦး၏ စာရင်းထဲသို့ ငွေလွှဲပမာဏတစ်ကြောင်း လျှင်အများဆုံးကျပ်သိန်း(၂၀) မှ နေ့စဉ်ငွေလွှဲပမာဏ အများဆုံး ကျပ်သိန်း(၁၀၀)အထိ ငွေလွှဲဆောင်ရွက်မှုများ ကိုပြုလုပ်နိုင်ပြီဖြစ်သည်။  မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ OK Agent ဆိုင်ကွန်ရက်များ အပါအဝင် OK $ App မှ တစ်ဆင့် ဝန်ဆောင်မှုအားလုံးကို အသုံးပြုနိုင်မည်ဖြစ်သည်။


  (WP)






အခြားဆက်စပ်သတင်းများ