နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘက်ထရီ 4000 mAhပါဝင်သည့် Gionee K30 Pro စမတ်ဖုန်းကိုကြေညာ

ဒီဇင်ဘာ ၁၀


Gionee က စမတ်ဖုန်းသစ်ဖြစ်သည့် Gionee K30 Pro ကိုကြေညာလာပြီဖြစ်ပြီးအဆိုပါ စမတ်ဖုန်းမှာ ၆ ဒသမ ၅၃ လက်မ LCD HD+ ရုပ်ထွက် အသုံးပြုထားသည်။ ဖုန်း၏အတိုင်းအတာက 164.3 x 77.7 x 9.7 မီလီမီတာရှိပြီးအလေးချိန် 204.2 ဂရမ်ရှိသည်။

ရှေ့ကင်မရာ 8MP ဖြစ်ပြီးကျောဘက်ကင်မရာသုံးလုံးပါဝင်ကာအဓိကကင်မရာက16MP ဖြစ်သည်။ ဒုတိယကင်မရာက 5MP ဖြစ်ပြီး120 ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးနိုင်ပြီးတတိယကင်မရာက2MP (Depth) AI Beauty Lens ဖြစ်သည်။

အဆိုပါဖုန်းမှာMediaTek Chipset သုံးထားပြီး2.0GHz CPU ပါဝင်ပါတယ်။ဘက်ထရီ 4000 mAhပါဝင်ပြီး20W Fast Charging ထောက်ပံ့ထားကာAndroid 7.1.1 OS သာအသုံးပြုထားသည်။

Gionee K30 Pro ကိုဈေးနှုန်းအနေဖြင့် RAM6GB+128GB ဗားရှင်းကိုဒေါ်လာ၁၀၇နှင့် RAM8GB+128GB ဗားရှင်းကိုဒေါ်လာ၁၂၂သတ်မှတ်ထားကြောင်းသိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ