နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျူဗင်တပ်အသင်းက ဒိုင်ဘာလာနှင့် ပေါ့ဂ်ဘာကိုအလဲအထပ်ပြုလုပ်ရန် ပြင်ဆင်

ဒီဇင်ဘာ ၁၀


ဂျူဗင်တပ်အသင်းသည် မန်ယူအသင်းကွင်းလယ်ကစားသမားပေါ့ဂ်ဘာကို ပြန်လည်ခေါ်ယူရန် စိတ်ဝင်စားနေပြီးအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရှိရန် ရုန်းကန်နေရသည့် တိုက်စစ်မှူးဒိုင်ဘာလာနှင့် အလဲအထပ်ပြုလုပ်သွားရန် စီစဉ်နေကြောင်းသိရသည်။

ပေါ့ဂ်ဘာသည် မန်ယူအသင်းလူငယ်အစီအစဉ်မှ ပေါ်ထွက်ခဲ့ပြီးမန်ယူအသင်းကြီးတွင် ပွဲထွက်ခွင့်မရခဲ့သည့် အတွက် ၂၀၁၂ ခုနှစ်ကအလွတ်ပြောင်းရွှေ့ကြေးဖြင့် ဂျူဗင်တပ်အသင်းသို့ ပြောင်းရွှေ့ခဲ့ကာအကောင်းဆုံး ခြေစွမ်းပြ နိုင်ခဲ့ပြီးနောက် ကမ္ဘာ့အဆင့်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။

သို့သော် ဂျူဗင်တပ်အသင်းတွင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သည့် ပေါ့ဂ်ဘာကိုမန်ယူအသင်းက ၂၀၁၆ ခုနှစ်တွင် အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ပြန်လည်ခေါ်ယူခဲ့သည်။

ယင်းသည် ဂျူဗင်တပ်အသင်းတွင် ခြေစွမ်းပြနိုင်ခဲ့သော်လည်းမန်ယူအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ပုံမှန် ခြေစွမ်းပျောက်ဆုံးခဲ့ပြီး အသင်းပရိသတ်များကလည်းယင်းကိုဝေဖန်မှုများပြုလုပ်နေသောကြောင့် အသင်းမှ ထွက်ခွာရန် ဆန္ဒရှိနေကြောင်းသိရသည်။

ထို့ကြောင့် ဂျူဗင်တပ်အသင်းကတိုက်စစ်မှူးဒိုင်ဘာလာနှင့် မန်ယူကွင်းလယ်ကစားသမားပေါ့ဂ်ဘာကို အလဲအထပ်ပြုလုပ်၍ ခေါ်ယူသွားရန် စီစဉ်နေခြင်းဖြစ်သည်။                                                           

(သူရိန်)






အခြားဆက်စပ်သတင်းများ