နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂိုးသွင်းကောင်းတဲ့ ဂျူဗင်တို့အုပ်စုဗိုလ်ဖြစ်ကာ ဘာစီတို့ အုပ်စုဒုတိယနဲ့ ကျေနပ်လိုက်ရတဲ့ချန်ပီယံလိဂ်ပွဲ

ဒီဇင်ဘာ ၁၀


အင်္ဂါနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘာစီလိုနာနဲ့ ဂျူဗင်တို့ထိပ် တိုက်တွေဆုံခဲ့ရာဂျူဗင်တို့က ၀-၃ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ အကောင်းဆုံးကစားသမားနှစ်ဦးတွေ့ဆုံခဲ့ကြတဲ့ နူးကမ့်ကပွဲမှာ နှစ်ဦးလုံး ခြေစွမ်းပြခဲ့ကြပေမဲ့ ပိုမိုထိရောက်သွားခဲ့သူကတော့ ခရစ်စတီယာနိုရော်နယ်ဒိုဖြစ်တာကြောင့် သူ့ရဲ့သွင်းဂိုး ၂ ဂိုးအပါအဝင် ၃ ဂိုးပြတ်နဲ့ ဂျူဗင်တပ်ကို အနိုင်ရကာအုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်ကိုတက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ပထမပွဲစဉ်မှာ မက်ဆီက တစ်ဂိုးသွင်း တစ်ဂိုး ဖန်တီးမှုပြုကာအစွမ်းပြခဲ့လို့ ၀−၂ ရလဒ်နဲ့ ဘာစီတို့နိုင်ပြီး အခုဂျူဗီတို့က ၃ ဂိုးပြတ်သွားခဲ့လို့ အုပ်စုဒုတိယနေရာကိုရမှတ်တူ ၁၅ မှတ်နဲ့ဆင်းပေးလိုက် ရပြီဖြစ်ပါတယ်။ ဘာကာတို့ဟာ ဒီပွဲမှာ ဂရစ်ဇ်မန်းကို အထောင်ထားပြီး ပက်ဒရီ၊မက်ဆီ၊ ထရင်ကာ အိုတို့နဲ့ တိုက်စစ်ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာပီယာနစ်၊ ဒီယောင်းတို့နဲ့ ၄-၂-၃-၁ အခင်းအကျင်းနဲ့ရင်ဆိုင်ဖို့ကြိုးစားခဲ့ကာ ဧည့်သည်ဂျူဗင်တို့က ရော်နယ်ဒို၊ မိုရာတာအတွဲကို တိုက်စစ်မှာထားကာ ကွင်းလယ်မှာ ဆန်ဒရို၊ရမ်ဆေး၊ အာသာ၊ မက်ကန်နီ၊ ကွာဒရာဒိုတို့နဲ့ ၅ ဦးအထိထားပြီး ၃-၅-၂ နဲ့ ပြန်လည်ရင်ဆိုင်ခဲ့ပါတယ်။ ပွဲချိန် ၁၃ မိနစ်မှာတော့ ဘောလုံးကို ရော်နယ်ဒိုက ဆွဲယူပြီး ၁၈ ကိုက်ထဲကိုဝင်ရောက်စဉ်ဥရုဂွေးသားက ရှေ့ကနေလက်နဲ့စုံတားပြီးဘော်ဒီခုထားခဲ့လို့ ရရှိတဲ့ ပယ်နယ်တီကို ရော်နယ်ဒိုက ကိုယ်တိုင်ပဲ ဂိုးကန်သွင်းကာအဆုံး သတ်သွားခဲ့ပါတယ်။ နောက်ထပ် ၇ မိနစ်အကြာမှာပဲ မက်ကန်နီက ညာခြမ်းက ကွာဒရာဒိုကိုလှမ်းတွဲရာမှာ ကွာဒရာဒိုပြန်လည်ခုတ်တင်ပေးလိုက်ရာမှတစ်ဆင့် မက်ကန်နီက မြေမကျ ညာခြေနဲ့ ဗော်လီဆွဲကန်ပြီး ခြေနှစ် ဖက်လုံးလေပေါ်ဝဲကာစတာဂျန်ရဲ့ဘယ်ထောင့်ကျဉ်းထဲကို ကန်သွင်းပြီး အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ပွဲချိန် ၄၈ မိနစ်မှာ ညာခြမ်းက ကွာဒရာဒိုရဲ့ခုတ်တင်ပေးပို့မှုကို အာရူဂျိုခေါင်းဦးခဲ့ပြီး ပြန်ကျလာခဲ့တဲ့ဘောလုံးကို လန်ဂလက်က ဘောလုံးအောက်ကိုမကျခင်မှာ လက်နဲ့တားလိုက်တာကိုမြင်လိုက်တဲ့ ကွာဒရာဒိုက ကွင်းလယ်ဒိုင်ကို စောဒဂတက်ခဲ့တာကြောင့် VAR ပြန်ကြည့်ကာ ပယ်နယ်တီသတ်မှတ်ပေးခဲ့တာဖြစ်ပါ တယ်။ ဒီပယ်နယ်တီကို ရော်နယ်ဒိုက အပြင်းကန်သွင်းယူပြီး အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။ ဒီဂိုးကြောင့် နူးကမ့်မှာ ရော်နယ်ဒိုဟာ နောက်ဆုံး ၁၃ ပွဲမှာ ၁၄ ဂိုးအထိသွင်းထားခဲ့ပြီဖြစ်သလို ချန်ပီယံလိဂ် ၁၇၄ ပွဲမှာ ၁၃၄ ဂိုးအထိသွင်းယူနိုင်ခဲ့ကာ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဒုတိယနေရာက မက်ဆီကို ၁၆ ဂိုးအထိ ဖြတ်ထားနိုင်ခဲ့ပြီလဲဖြစ်ပါတယ်။                                                                                

(SO)






အခြားဆက်စပ်သတင်းများ