နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချယ်လ်ဆီးတို့က ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင််တယ်လို့ ယာဂင်ကလော့ရဲ့မှတ်ချက်ပေးခြင်းကို နည်းပြဖရန့်လမ်းပတ်က မယုံကြည်

ဒီဇင်ဘာ ၁၀


လီဗာပူးနည်းပြယာဂင်ကလော့က ချယ်လ်ဆီးတို့မှာ တောင့်တင်းတဲ့လူစာရင်းနဲ့ ထိပ်တန်းကစားသမား အများအပြားရှိတာကြောင့် ဒီရာသီအတွက်ချန်ပီယံဖြစ်ဖို့ဖေးဘရိတ်အသင်းအဖြစ် ပြီးခဲ့တဲ့အပတ်အတွင်းမှာ အမည်တပ်ခဲ့ပြီးပြောခဲ့တာကို ချဲလ်ဆီးနည်းပြ လမ်းပတ်က ချယ်လ်ဆီးတို့ ဒီရာသီပရီးမီးယားလိဂ် ချန်ပီယံဖြစ်နိုင်တယ်ဆိုတဲ့ မှတ်ချက်ကို လျှော့ချပစ်ခဲ့ပါတယ်။ ချယ်လ်ဆီးတို့ဟာ လိဒ်ယူနိုက်တက်တို့ကို နောက်ကလိုက်ကစားပြီးမှ ၃-၁ နဲ့အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ်ဇယား ပထမနေရာ ကို ခဏတက်သွားခဲ့ပါတယ်။ အဲဒီနောက် စပါးနဲ့လီဗာပူးတို့က သူတို့ရဲ့သက်ဆိုင်ရာပွဲတွေကိုအနိုင်ရခဲ့ပြီး အမှတ်တူ၊ ဂိုးကွာနဲ့ ပထမ၊ ဒုတိယနေရာတွေပြန်တက်သွားလို့ ချယ်လ်ဆီးတို့ တတိယနေရာပြန်ရောက်သွားပါတယ်။ ဒါပေမဲ့ အမှတ်ကတော့ ၂ မှတ်ပဲကွာတာဖြစ်ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ ချယ်လ်ဆီးတို့ဟာ တစ်ပွဲသာရှုံးပြီး ၇ ပွဲနိုင်၊ ၁ ပွဲသရေဖြစ်ပါတယ်။ ဒါပေမဲ့ လမ်းပတ်ကတော့ ချယ်လ်ဆီးတို့ဟာ ကလော့ရဲ့လီဗာပူးနဲ့ ဂွာဒီယိုလာ ရဲ့မန်စီးတီးတို့ထက် ပိုပြီး ချန်ပီယံလောင်း ဖေးဘရိတ်တွေဖြစ်နိုင်တယ်ဆိုတာကို မယုံကြည်ပါဘူး။ နည်းပြလမ်းပတ်က “လီဗာပူးနဲ့မန်ချက်စတာစီးတီးတို့ဟာ လူတိုင်း အားလုံးရဲ့ဖေးဘရိတ်တွေလို့ လုံးဝထင်ရတာဖြစ်ပြီး ပြီးခဲ့တဲ့သုံးလေးနှစ်အတွင်း သူတို့မှာရှိခဲ့တဲ့ပုံစံကောင်းနဲ့ သူတို့လူစာရင်းတွေကို တည်ဆောက်ထားပုံတွေအရ ဖေးဘရိတ်တွေ ဖြစ်လည်းဖြစ်သင့်တာပါပဲ။ ဒဏ်ရာတွေကြောင့် မပါဝင် နိုင်ခဲ့တဲ့ ကစားသမားတွေများနေတာတောင် ပြီးခဲ့တဲ့ပွဲတုန်းက လီဗာပူးတို့ထည့်သွင်းခဲ့တဲ့လူစာရင်းကို ခင်ဗျားကြည့်မယ်ဆိုရင် ဒါက အလွန်ကောင်းတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ တော့တင်ဟမ်နဲ့မန်ချက် စတာယူနိုက်တို့ကလည်း ဒီဘောင်ထဲမှာ ရှိနေကြပါတယ်။ ဒါက ကလော့ရဲ့ထင်မြင်ယူဆချက်ဖြစ်ပြီး သူကသူ့အထင်အမြင်ကို ယူဆပိုင်ခွင့်ရှိပါတယ်၊ ဒါပေမဲ့ ကျနော်တို့ဘယ်နေရာမှာရှိတယ်ဆိုတာ ရှင်းလင်း ပါတယ်။ ကျနော်တို့က ကောင်းမွန်တဲ့ပုံစံကောင်းတစ်ခုမှာရှိနေပါတယ်၊ ဒါပေမဲ့ ကျနော်တို့မှာက ဒီလိဂ်ကို အခုမှဝင်လာတဲ့ကစာသမားတွေ သို့မဟုတ် လူငယ်ကစားသမားတွေရှိနေကြတာပါ။ ကျနော်တို့က အဲဒီကို ရောက်ဖို့နဲ့မီဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်” လို့ လမ်းပတ်ကဖွင့်ဟခဲ့ပါတယ်။                                 

(SO)






အခြားဆက်စပ်သတင်းများ