နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချန်ပီယံလိဂ်မှာ အရှုံးရလဒ်နဲ့ အဆုံးသတ်ခဲ့ရတဲ့မန်ယူနိုက်တက်

ဒီဇင်ဘာ ၁၀


အင်္ဂါနေ့ညက ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်ယူနဲ့လိုက်ဇစ်တို့ယှဉ်ပြိုင်ကစားရာ သရေရရှိရုံနဲ့ နောက်တစ်ဆင့်ကို တက်ရောက်မှာ ဖြစ်ပေမဲ့ မန်ယူတို့  ၃-၂  ဆိုတဲ့ ရလဒ်နဲ့ ချန်ပီယံလိဂ်ကို လက်ပြနှုတ်ဆက်ခွဲ ခါသွားခဲ့ရပါပြီ။ ဆိုးလ်ရှားကတော့ လိုက်ဇစ်ကို သရေကစားမှာမဟုတ်ဘူးလို့ပွဲကြိုမှာပြောခဲ့အတိုင်းအရှုံး ပါပေးသွားခဲ့ပါတယ်။   ဆိုးလ်ရှားရဲ့လူထုတ်ပုံတွေက လုခ်ရှောကို  ပွဲထွက်စာရင်းစသုံးခဲ့ရတဲ့အကြောင်းကိုနားမလည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။ ပထမပိုင်းတစ်ပိုင်လုံး လိုက်ဇစ်ရဲ့ ဖိအားပေးမှုတွေကို တောက်လျှောက်ခံ နေခဲ့ရတာဖြစ်ပြီးတော့ ဘစ်ဆာခါရဲ့ လူကပ်ကစားမှုအားနည်းချက်ကြောင့် လိုက်ဇစ် ရရှိသွားခဲ့တဲ့ ၃ ဂိုး လုံးက ဘစ်ဆာခါဘက်က ပေါက်ထွက်လာခဲ့ တာတွေချည်းပဲဖြစ်နေခဲ့ပါတယ်။ လိုက်ဇစ်ရရှိသွားခဲ့တဲ့ ပထမဆုံး နှစ်ဂိုးမှာဆိုရင် ဘစ်ဆာခါရဲ့ အားနည်းချက်တွေကြောင့်ပေါက်ထွက်လာတာတွေဖြစ်ပြီး၊   ဒီဂီယာရဲ့                      စွမ်းဆောင်ရည်အမှားတွေကြောင့်လည်း သွင်းဂိုးတွေ ခွင့်ပြုပေးခဲ့ရတာဖြစ်ပါတယ်။ သွင်းဂိုး (၂) ဂိုးပေး လိုက်ရတဲ့ ယူနိုက်တက်တို့ဟာ လိုက်ဇစ်ဘက်ကို ချေပဂိုးပြန်ရဖို့အခွင့်အရေးတွေ ရရှိခဲ့ပေမဲ့လည်း ဂရင်းဝုဒ်ရဲ့ ကန်ချက်ကအားပျော့သွားခဲ့သလို ရက်ဖို့ဒ်ရဲ့တစ်ကိုယ်ကောင်းဆန်မှုနဲ့ အဆုံးသတ်ညံ့ဖျင်းမှုတွေက ယူနိုက်တက် တို့နစ်နာခဲ့ရပါတယ်။

တတိယပေးလိုက်ရတဲ့ သွင်းဂိုးကတော့ မတ်ဂွဲယားနဲ့ ဒီဂီယာတို့ကြားထဲက နားလည်မှုလွဲခဲ့တဲ့ အခြေအနေတစ်ရပ်ဖြစ်ခဲ့ပြီး မတ်ဂွဲယားအနေနဲ့ ရှင်းထုတ်လို့ရတဲ့ ဘောလုံးကို ဒီဂီယာဖမ်းဖို့လွှတ်ပေးလိုက် ချိန်မှာတော့ အဆင်သင့်မရှိတဲ့ ဒီဂီယာကြောင့် လိုက်ဇစ်ကစားသမားက ထပ်မံဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ပွဲကစားချိန်နှောင်းပိုင်းမှာ ဖာနန်ဒက်စ်၊ ပေါ့ဘာတို့ရဲ့ ချေပဂိုး နှစ်ဂိုးနဲ့ အတူ ပြန်လာနိုင်ဖို့နီးစပ်ခဲ့ပေမဲ့ အဆုံးသတ်မှာတော့၊ လိုက်ဇစ်တို့ရဲ့အနိုင်ဂိုးခွင့်ပြုလိုက်ရတာကြောင့် မန်ယူတို့ရဲ့ ချန်ပီယံလိဂ်အိပ်မက်ပျောက် ပျက်ခဲ့ရပါတယ်။                                                                                                                      (SO)






အခြားဆက်စပ်သတင်းများ