နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူဖန်တီးသည့်အရာဝတ္တုများက သက်ရှိများထက် အလေးချိန်ပိုများလာဖွယ် ရှိ

ဂျေရုစလင်     ဒီဇင်ဘာ  ၁၀


ယခုနှစ်ကုန်တွင် လူသားများ ဖန်တီးထားသည့်အရာဝတ္တုများ၏ အလေးချိန်က သက်ရှိများ၏ အလေးချိန်ထက် ပိုများလာဖွယ်ရှိသည်ဟု သိပ္ပံပညာရှင်များက ပြောသည်။ ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် ပလတ်စတစ်၊ အုတ်ခဲ၊ ကွန်ကရစ်နှင့် လူဖန်တီးသည့် အခြားအရာများ၏ အလေးချိန်က သတ္တဝါများနှင့် သစ်ပင်များ၏ အလေးချိန်ထက် ပိုများလာခြင်းဖြစ်သည်။


လူဖန်တီးထားသည့် အရာဝတ္တုများ၏ အလေးချိန်မှာ ၁ တာရာတန် ( တန်ချိန် သန်းတစ်သန်း)ရှိမည်ဟု ခန့်မှန်းထားသည်။ ကမ္ဘာပေါ်ရှိ လူသားအားလုံးမှာ ရက်သတ္တပတ်တိုင်းတွင် ယင်းတို့၏ခန္ဓာကိုယ်အလေးချိန်ထက် ပိုများသည့် အရာဝတ္တုများ ထုတ်လုပ်လေ့ရှိသည်။ လူသားမျိုးနွယ်များက ကမ္ဘာကြီးကို မည်ကဲ့သို့ အသွင်ပြောင်းနေကြောင်း ဖော်ပြရန်အတွက် အစ္စရေးနိုင်ငံ ရီဟိုဗော့မြို့ရှိ ဝစ်ဇ်မန်းသိပ္ပံဌာနမှ အဖွဲ့တစ်ဖွဲ့က အဆိုပါကိန်းဂဏန်းများကို တွက်ချက်ခဲ့ခြင်းဖြစ်သည်။


သိပ္ပံပညာရှင်များမှာ ၁၉၀၀ ပြည့်နှစ်မှစတင်၍ လက်ရှိအချိန်အထိ လူသားများဖန်တီးသည့် အရာများ၏ စုစုပေါင်းဒြပ်ထုကို တွက်ချက်ခဲ့ပြီး ကမ္ဘာပေါ်မှ သက်ရှိအားလုံး၏ ဇီဝဒြပ်ထုနှင့် နှိုင်းယှဉ်ကြည့်ခြင်းဖြစ်သည်။


KNT






အခြားဆက်စပ်သတင်းများ