နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Dimensity 720 ဖြင့် ပါဝါထောက်ပံ့ထားသည့် Vivo Y52s ကိုကြေညာ

ဒီဇင်ဘာ ၉


Vivo Y52s ကိုကြေညာလာပြီဖြစ်ပြီးအဆိုပါစမတ်ဖုန်းကိုDimensity 720 နှင့် ပါဝါထောက်ပံ့ထားပြီး 6/8GB RAM ဖြင့် ရွေးချယ်နိုင်မည်ဖြစ်သည်။

Vivo Y52s က Vivo ၏ အလယ်အလတ်တန်း 5G စမတ်ဖုန်းဖြစ်ပြီးအဆိုပါဖုန်းမှာ ၆ ဒသမ ၅၈ လက်မI PS LCD FHD+ ရုပ်ထွက်သုံးထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပြီး Waterdrop Notch မှာရှေ့ကင်မရာ 8MP ပါဝင်ပြီးကျောဘက်ကင်မရာ ၂ လုံးက 48MP+2MP Depth ဖြစ်သည်။

လက်ဗွေရာစနစ်ကိုဖုန်း၏ညာခြမ်းမှာထည့်သွင်းထားပြီး USB Type C နှင့် နားကြပ်ပေါက်တို့ကိုဖုန်းအောက် ခြေမှာထည့်သွင်းထားသည်။ Android 10 အခြေပြု FuntouchOS 10.5 သုံးထားပြီးဘက်ထရီ 5000 mAhနှင့် 18W Fast Charging တို့လည်းပါဝင်သည်။

Vivo Y52s ကိုခဲရောင်၊ အဖြူရောင်၊ အပြာ၊ ခရမ်းရောင်တို့ဖြင့် ရွေးချယ်နိုင်မည်ဖြစ်ပြီးဈေးနှုန်းအနေဖြင့် 6/128GB ဗားရှင်းကိုဒေါ်လာ၂၄၅နှင့် 8/128GB ကိုဒေါ်လာ၂၇၅သတ်မှတ်ထားကြောင်းသိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ