နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီရန်နယ်ခြားစောင့်တပ်ဖွဲ့က ရွှေ့ပြောင်းနေထိုင်သူများကို နှိပ်စက်ပြီး မြစ်ထဲခုန်ချခိုင်းသည်ဆိုသော သတင်းများကို အာဖဂန်နစ္စတန် စုံစမ်းနေ

မေ ၄၊ ကာဘူးလ်

အီရန်နယ်ခြားစောင့်တပ်ဖွဲ့က နှိပ်စက်ပြီး မြစ်ထဲခုန်ချခိုင်းကြောင့် အာဖဂန်နစ္စတန်နိုင်ငံမှ ရွှေ့ပြောင်း နေထိုင်သူများ သေဆုံးခဲ့သည်ဆိုသော သတင်းများကို အာဖဂန်နစ္စတန်နိုင်ငံက စုံစမ်းစစ်ဆေးနေသည်။ ပြီးခဲ့သည့် သောကြာနေ့တွင် ရွှေ့ပြောင်းနေထိုင်သူများက အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်း ဟီရတ် ပြည်နယ်မှတစ်ဆင့် အီရန်နိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းခဲ့စဉ် ဖမ်းဆီးခံခဲ့ရခြင်းဟု ဒေသခံ မီဒီယာများက ဖော်ပြသည်။

အီရန်နယ်ခြားစောင့်တပ်ဖွဲ့က ရွှေ့ပြောင်းနေထိုင်သူများကို ရိုက်နှက်ပြီး မြစ်ထဲခုန်ချခိုင်းသည်ဟု သတင်းများက ဖော်ပြသည်။ ထို့ကြောင့် ရွှေ့ပြောင်းနေထိုင်သူအချို့ သေဆုံးခဲ့သည်ဟု ဆိုသည်။ အဆိုပါစွပ်စွဲချက်များကို အီရန်နိုင်ငံက ပယ်ချထားသည်။ ယင်းဖြစ်ရပ်မှာ အီရန်နိုင်ငံတွင် ဖြစ်ပွားခဲ့ ခြင်းမဟုတ်ဘဲ အာဖဂန်နစ္စတန်ပိုင်နက်အတွင်း ဖြစ်ပွားခဲ့ကြောင်း၊ အီရန်လုံခြုံရေးအစောင့်အကြပ်များ မပါဝင်ခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ အဆိုပါဖြစ်ရပ်တွင် ပါဝင်ခဲ့သူ အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။ သို့သော် ရွှေ့ပြောင်းနေထိုင်သူ ဒါဇင်ပေါင်း များစွာက မြစ်ကို ဖြတ်ကူးခဲ့ရာ အနည်းဆုံး လူခုနစ်ဦး သေဆုံးခဲ့ပြီး လူခုနစ်ဦးကျော် ပျောက်ဆုံးနေသည်ဟု အာဖဂန်နစ္စတန်အရာရှိများက ပြောသည်။          

 Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ