နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုလံဘီယာကြေးစားစစ်သည်များ၏ ကျူးကျော်မှုကို တားဆီးနိုင်ခဲ့သည်ဟု ဗင်နီဇွဲလားအစိုးရ ပြော

မေ ၄၊ ကရာကက်စ်

ကိုလံဘီယာနိုင်ငံမှ အကြမ်းဖက်ကြေးစားစစ်သည်များက ပင်လယ်ပြင်သို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးပမ်းမှုကို တားဆီးနိုင်ခဲ့သည်ဟု ဗင်နီဇွဲလားအစိုးရက ပြောသည်။ ကြေးစားစစ်သည်များအဖွဲ့မှာ ပြီးခဲ့သည့်တနင်္ဂနွေနေ့နံနက်က လာဂွာအီရာပြည်နယ်သို့ ရှပ်ပြေးရေယာဉ်များဖြင့် ရောက်ရှိလာခဲ့ခြင်းဟု ပြည်ထဲရေးဝန်ကြီး ရီဗာရိုက ပြောသည်။

ရန်သူများက အမေရိကန်နိုင်ငံ၏ ကျောထောက်နောက်ခံရယူပြီး ယင်းကို ရာထူးမှ ဖြုတ်ချရန် ကြိုးပမ်းခဲ့သည်ဟု ဗင်နီဇွဲလားသမ္မတ မာဒူရိုက မကြာခဏ စွပ်စွဲခဲ့ဖူးသည်။ သို့သော် ပင်လယ်ပြင်ကျူးကျော်မှုဖြစ်ရပ်မှာ လိမ်စဉ်တစ်ခုသာဖြစ်သည်ဟု ဗင်နီဇွဲလားနိုင်ငံ၏ အတိုက်အခံများက မှတ်ချက်ပေးခဲ့ပြီး စွပ်စွဲမှုများကို ပယ်ချခဲ့သည်။

ဗင်နီဇွဲလားအစိုးရ၏ စွပ်စွဲချက်မှာ အခြေအမြစ်မရှိကြောင်း ကိုလံဘီယာနိုင်ငံက မှတ်ချက်ပေးထားသည်။ ဗင်နီဇွဲလားနိုင်ငံမှာ ပြီးခဲ့သည့်နှစ်ကတည်းက ကိုလံဘီယာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။ ကြေးစားစစ်သည်အဖွဲ့မှာ ဗင်နီဇွဲလားနိုင်ငံမြို့တော် ကရာကက်စ်မြို့မှ မြောက်ဘက် ၂၁ မိုင်အကွာရှိ မာကူတိုမြို့သို့ ဆိုက်ရောက်ခဲ့ခြင်းဟု ဗင်နီဇွဲလားအစိုးရက ထုတ်ပြန်ထားသည်။ ကြေးစားစစ်သည်အဖွဲ့မှ လူရှစ်ဦးကို အသေဖမ်းဆီးခဲ့ပြီး နှစ်ဦးကို လက်ရဖမ်းမိခဲ့ကြောင်း ဆိုရှယ်လစ်ပါတီခေါင်းဆောင် ကာဘယ်လိုက ပြောသည်။ သို့သော် ကာကွယ်ရေးဝန်ကြီး ပါဒရီနိုက ရှပ်ပြေးရေယာဉ်ကို နှစ်မြှုပ်ခဲ့ပြီး အသက်ရှင်လွတ်မြောက်သွားသူများကို လိုက်လံရှာဖွေနေသည်ဟု ဆိုသည်။
   
Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ