နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငယ်ငယ်တုန်းကတိုက်စစ်မှူးဘဝကနေ ဂိုးသမားဖြစ်လာတဲ့ကယ်လာဟာ ခုတော့လီဗာပူးအတွက် clean sheet ရယူနိုင်ခဲ့ပြီ

ဒီဇင်ဘာ ၈


တနင်္ဂနွေနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ လီဗာပူးနဲ့ဝုဗ် ကစားခဲ့တဲ့ ပွဲမှာလီဗာပူးတို့က ၄-၀ ရလဒ်နဲ့အနိုင်ရခဲ့ပါတယ်။ဒီပွဲကဂိုးသမားလေး ကယ်လာဟာအတွက် ပရီးမီးယားလိဂ် ပွဲဉီးထွက် ကစားခွင့် ရခဲ့တဲ့ပွဲပါ။ ဂိုးသမားအသစ်ကလေး ကယ်လာဟာက ချန်ပီယံလိဂ် ပွဲဦးထွက်မှာ အကောင်းဆုံး လက်စွမ်းပြခဲ့တဲ့အပြင့် ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း Clean Sheet  ရယူနိုင်ခဲ့တာကြောင့်နည်းပြဖြစ်သူရဲ့ ယုံကြည်မှုနဲ့အပြည့်အဝထိုက်တန်ကြောင်း သက်သေပြ သွားခဲ့ပါတယ်။ လီဗာပူး သမိုင်းကြောင်းတစ်လျှောက် ပထမဆုံး ပရီးမီးယားလိဂ် ပွဲမှာ အသက် ၂၂ နှစ် နဲ့ Clean Sheet ရယူနိုင်တဲ့ ဒုတိယ အသက်အငယ်ဆုံး ဂိုးသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ပွဲဦးထွက်မှာ Clean Sheet ရယူနိုင်ခဲ့ပြီးနောက် အသင်းရဲ့ ကစားပုံနဲ့ ပတ်သက်ပြီး ကယ်လာဟာက " တကယ့်ကို ထိပ်တန်း အဆင့်ပါပဲ၊   ပွဲအစပိုင်း မိနစ်တွေမှာလည်း အကောင်းဆုံး ပုံစံနဲ့ ကစားနိုင်ခဲ့တယ်၊ ကျနော်တို့ ၄ ဂိုးသွင်းနိုင်ခဲ့တယ်၊ တကယ်တမ်းတော့ အဲ့ထက်တောင် ဂိုးတွေအများကြီး ပိုရခဲ့နိုင်တယ်၊ အသင်းလိုက် ကစားပုံကတော့ အကောင်းဆုံးပါပဲ၊  အဲ့ဒီအတွက်ကြောင့် ကျနော် ဒီမှာ ရှိနေတာပါ၊ ကျနော်က အသင်းကို အကောင်းဆုံး ကူညီပေးနိုင်ဖို့ ကြိုးစားသွားမှာပါ၊ ဂိုးပေါက်ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့တဲ့ အပြင် Clean Sheet ပါ ရယူနိုင်ခဲ့တဲ့အတွက် အားလုံးကို ကျေးဇူးတင်ရမှာပါ၊ ကျနော် Clean Sheet ရယူနိုင်ဖို့ နောက်တန်း ၄ ယောက်ကလည်း အရမ်းကို အရေးပါလှပါတယ်၊ အားလုံးဟာ ကိုယ်လုပ်ရမယ့် အလုပ်ကို အကောင်းဆုံး လုပ်ဆောင်ခဲ့ကြတာပါ "  တကယ့်ကို အံ့ဩစရာ ကောင်းလှပါတယ်၊ ပရိသတ်တွေ မပါဘဲ အချိန်တွေ အကြာကြီးကစားခဲ့ရတယ်၊ အခု ပြန်တွေ့ရတော့ ထူးထူးဆန်းဆန်း ခံစားနေရတယ်၊ သူတို့တွေ ကွင်းထဲ ပြန်ရောက်လာတာ တကယ့်ကို ကောင်းတဲ့ အရာတစ်ခုပါ၊ပရိတ်သတ်တွေ ရဲ့ အားပေးမှုကြောင့်လည်း ဒီနေ့ အကောင်းဆုံး ကစားနိုင်ခဲ့တာပါ " ဆိုပြီး ပြောသွားခဲ့ပါတယ်။                                                   

(SO)






အခြားဆက်စပ်သတင်းများ