နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၁ ခုနှစ်မတိုင်မီ COVID-19 ရောဂါကာကွယ်ဆေး အသင့်ဖြစ်မည်ဟု ဒေါ်နယ်ထရမ့် ဆို

မေ ၄၊ ဝါရှင်တန်

၂၀၂၁ ခုနှစ်မတိုင်ခင် အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါကာကွယ်ဆေး အသင့်ဖြစ်လိမ့်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။ ကမ္ဘာတစ်ဝန်းရှိ သိပ္ပံပညာရှင်များက COVID-19 ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန် အပြိုင်ကြိုးပမ်းနေသော်လည်း ၂၀၂၁ ခုနှစ်ရောက်မှသာ ကာကွယ်ဆေးများ အကြီးအကျယ် ဖြန့်ဖြူးနိုင်လိမ့်မည်ဟု ကျွမ်းကျင်ပညာရှင်အများစုက မျှော်လင့်ထားသည်။

''ဒီနှစ်ကုန်ကျရင် ကျွန်တော်တို့ ကာကွယ်ဆေးရလိမ့်မယ်လို့ စိတ်ချယုံကြည်ပါတယ်။ ဆရာဝန်တွေကတော့ ခင်ဗျား ဒီလိုမပြောသင့်ဘူးလို့ ပြောကြလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ကျွန်တော်ထင်တာ ကျွန်တော် ပြောမှာပဲ''ဟု ဒေါ်နယ်ထရမ့်က ပြောသည်။ ကာကွယ်ဆေးအသင့်ဖြစ်မည်ဟု ဒေါ်နယ်ထရမ့် ပြောခဲ့သည့်အချိန်မှာ ယင်း၏ဆေးဘက်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များ ခန့်မှန်းထားသည့်အချိန်ထက် ပိုစောနေသည်။ COVID-19 ရောဂါဒဏ်ကို အဆိုးရွားဆုံး ခံစားနေရသည့် အမေရိကန်နိုင်ငံတွင် ကူးစက်ခံရသူ ၁.၂ သန်းနီးပါးရှိနေပြီး သေဆုံးသူ ၆၈၅၉၈ ဦး ရှိသည်။
                                       
Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ