နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်ဝန် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းထုတ်ပြန်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ရန်ကုန်တိုင်းဒေသကြီးအစိုးရ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
သတင်းထုတ်ပြန်ချက် အမှတ် (၁/၂၀၂၀)
၁၃၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော်(၉)ရက်
(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၈ ရက်)

ရန်ကုန်မြို့တော်ဝန် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းထုတ်ပြန်ခြင်း

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးမောင်မောင်စိုးသည် ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ဈေးများအတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးကြပ်မတ်ခြင်းများ ဆောင်ရွက်စဉ် နေထိုင်မကောင်း ဖြစ်ပါသဖြင့် ၈-၁၂-၂၀၂၀ ရက်နေ့တွင် ကျန်းမာရေးစစ်ဆေးမှု ခံယူရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုချက်အရ ရောဂါပိုးကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ရှိရ၍ တောင်ဥက္ကလာပဆေးရုံကြီးသို့ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိပါကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတင်းထုတ်ပြန်အပ်ပါသည်။

အတွင်းရေးမှူး
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ






အခြားဆက်စပ်သတင်းများ