နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ရောဂါပျောက်သည်ဆိုသည့် တိုင်းရင်းဆေး မှာယူတင်သွင်းမည်ဟု တန်ဇန်းနီးယားသမ္မတ ဆို

မေ ၄၊ ဒါအက်ဆလမ်

COVID-19 ရောဂါကို ကုသနိုင်တယ်ဆိုသည့် တိုင်းရင်းဆေးများ မှာယူတင်သွင်းရန် မာဒါဂက်စကာ ကျွန်းနိုင်ငံသို့ လေယာဉ်တစ်စင်း စေလွှတ်ထားကြောင်း တန်ဇန်းနီးယားသမ္မတ မာဂူဖူလီက ပြောသည်။  COVID-19 ရောဂါ ကုသနိုင်သည်ဆိုသည့် ဆေးရည်ကို ငှက်ဖျားရောဂါ ကုသရာတွင် အသုံးပြုသည့် သစ်နံကိုင်းအပင်မှ ထုတ်ယူထားခြင်းဖြစ်သည်။ သို့သော် အဆိုပါဆေးရည်မှာ COVID-19 ရောဂါကို ပျောက်ကင်းစေသည်ဟု သက်သေပြနိုင်ခြင်းမရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)က သတိပေး ထားသည်။

COVID-19 ရောဂါကို ဆေးမြီးတိုများဖြင့် မကုသကြရန် WHO က အကြံပြုထားသည်။ သို့သော် ကွန်ဂိုဘရာဇာဗီးလ်နိုင်ငံသမ္မတကလည်း မာဒါဂက်စ်စကာနိုင်ငံမှ တိုင်းရင်းဆေး မှာယူတင်သွင်းမည်ဟု ဆိုသည်။ ရက်သတ္တသုံးပတ်မပြည့်မီကာလအတွင်း လူ ၂၀ နီးပါးကို စမ်းသပ်ကုသခဲ့ပြီးနောက် အဆိုပါဆေးရည်ကို COVID-19 ရောဂါ ကုသနိုင်သည့် သြဂဲနစ်ဆေးရည်အဖြစ် ဈေးကွက်တင်ရောင်းချခဲ့ခြင်းဟု တန်ဇန်းနီးယားသမ္မတ၏ ဝန်ထမ်းဦးစီးချုပ်က ပြောသည်။ COVID-19 ရောဂါကို ကုသရာတွင် ထိရောက်သည့် နည်းလမ်းရှာဖွေနိုင်ရန်အတွက် နိုင်ငံတကာတွင် စမ်းသပ်ကုသမှုများ ပြုလုပ်နေသည်ဟု WHO က  ပြောသည်။                        
                                                                  
Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ