နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂလေဇာမိသားစုရဲ့ ငွေမက်ပုံကို Rap သီချင်းထဲ ထည့်ဆိုခဲ့တဲ့ ဒီပေး

ဒီဇင်ဘာ ၆


လိုင်ယွန်အသင်းရဲ့တောင်ပံကစားသမား ဒီပေးဟာတစ်ချိန်က မန်ယူအသင်းမှာ ဘောလုံးတစ်ရာသီ ကျော် ကစားခဲ့ပြီး ကျောနံပတ် ၇ ကိုဝတ်ဆင်ကစားခဲ့သူပါ။ ဒါပေမဲ့ ယူနိုက်တက်နဲ့အတူ အင်္ဂလန်မှာခြေစွမ်း ကောင်းတွေပြသနိုင်ဖို့အတွက်  ဒီပေးတစ်ယောက်ရုန်းကန်ခဲ့ရပြီး၊၂၀၁၇ ခုနှစ်မှာ လိုင်ယွန်အသင်းဆီကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဒီပေးတစ်ယောက် လိုင်ယွန်ကိုပြောင်းသွားတာမှန်တယ်လို့ဆိုရမှာပါ။ ဒီပေးဟာ လိုင်ယွန်မှာ အထင်ကြီးလောက်စရာခြေစွမ်းတွေ ပြသနိုင်ခဲ့တာကြောင့် ဘာစီလိုနာအသင်းရဲ့ စိတ်ဝင်စား မှုကိုခံနေရပါတယ်။ ဒီပေးဟာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ယောက်အပြင် နောက်ထပ်ဝါသနာ ကြီးကြီးမားမားပါတာကတော့ ရပ်စ်သီချင်းတွေသီဆိုရတာကို ကြိုက်နှစ်သက်တာဖြစ်ပြီးတော့ အခွေတွေ လည်း ထုတ်ထားတဲ့အထိ ရပ်စ်သီချင်းလောကမှာပေါက်ပေါက်မြောက်မြောက် စွမ်းဆောင်ထားတာဖြစ်ပါ တယ်။ မန်ယူကစားသမားဟောင်း တောင်ပံကစားသမားဒီပေးဟာ သူ့ရဲ့နောက်ဆုံးထွက်ရပ်စ်သီချင်းအသစ်ထဲမှာ ယူနိုက်တက်အသင်းပိုင်ရှင်တွေရဲ့အကြောင်းကို ထည့်သွင်းသီဆိုသွားခဲ့ပါတယ်။ နောက်ဆုံးထွက်ထား တဲ့ စီးရီးခေါင်းစဉ် Big Fish အခွေထဲက Heavy Stepper ဆိုတဲ့သီချင်းထဲမှာ မန်ယူအသင်းပိုင်ရှင်ဖြစ်ကြတဲ့ ဂလေဇာမိသားစုရဲ့အကြောင်းကို ထည့်သွင်းသီဆိုထားခဲ့တာဖြစ်ပါတယ်။ ဒီပေးရဲ့သီချင်းထဲမှာ ပါလာတဲ့ စာသားတစ်ချို့ကတော့” I’ve Been Planning to Make Some Big Statements. I Need Money Like the Glazers.”ဆိုတာတွေပဲဖြစ်ပါတယ်။ ဂလေဇာမိသားစုဟာ ယူနိုက်တက်ကိုအသုံးချပြီး ငွေကြေးအမြတ်တွေရှာဖွေနေကြတဲ့သူတွေအဖြစ် အသင်းပရိသတ်တွေက သက်မှတ်ထားတဲ့သူတွေဖြစ်ပြီးတော့ ဒီပေးကတော့ သူ့အနေနဲ့ ဂလေဇာမိသားစုလို ငွေတွေလိုအပ်နေပြီလို့ သီချင်းထဲထည့်သွင်းသီဆိုထားတာကြောင့် မန်ယူ ပရိသတ်တွေကတော့ ဒီပေးရဲ့သီချင်းကိုကြိုက်ကြမှာ သေချာပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ