နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဏ်ရာကြောင့် ၂၀၂၀ အကုန်ထိလွဲချော်ရတော့မဲ့ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟာလန်း

ဒီဇင်ဘာ ၆


ဟာလန်းဟာ ဂျာမန်မြေကိုရောက်ရှိပြီး ၃၂ ပွဲကစားပေးခဲ့ပြီး ၃၃ ဂိုးသွင်းယူပေးခဲ့ကာ ၆ ဂိုးဖန်တီးမှု ပြုလုပ်ထားနိုင်ခဲ့သူဘဲ ဖြစ်ပါတယ်။ ဒေါ့မွန်တို့ရဲ့ တိုက်စစ်မှူး အာလင်းဟာလန်းဟာ လာဇီယိုနဲ့ဆစ်ဂနယ် ပတ်ခ်မှာကစားခဲ့တဲ့ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာရရှိသွားခဲ့တာကြောင့် ဒီနှစ်အတွင်းမှာ အသင်းအတွက်ထပ်မံကစားပေးနိုင်မှာမဟုတ်တော့ဘူးလို့ သိရပါတယ်။ အသက် ၁၉ နှစ်အရွယ်မှာတင် ၂၂ ပွဲမှာ ၂၈ ဂိုး သွင်းခဲ့တဲ့အသင်းဟောင်း ဆဲလ်ဘတ်နဲ့အတူ ချန်ပီယံလိဂ်မှာတောက်ပပြခဲ့ပြီး ဒေါ့မွန်နဲ့အတူ ဥရောပမှာ ဆက်လက်စွမ်းရည်ကောင်းတွေပြရင်း ခြေကျင်းဝတ်ဒဏ်ရာရခဲ့တာကို ဂျာမန်နဲ့အင်္ဂလိပ်သတင်းစာတော် တော်များများမှာတော့ အာလင်းဟာလန်းရဲ့ဒဏ်ရာဟာ ၄ ပတ်နဲ့အထက်အနားယူရမယ်လို့ ဆိုထားတာ ကြောင့် ၂၀၂၀ အတွင်းတော့ ဟာလန်းပြန်မကစားနိုင်တော့တာသေချာနေခဲ့ပြီဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ  သွင်းဂိုးအများဆုံးမန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်းနဲ့ လက်ရှိမန်နေဂျာဖြစ်သူ အိုလီဂန်နာ ဆိုးလ်ရှားရဲ့ ၁၉ ဂိုးကိုလိုက်မီဖို့ ၃ ဂိုးသာလိုတော့တဲ့အချိန်မှာ ဒဏ်ရာရသွားခဲ့လို့ အာလင်းဟာလန်းအတွက် နစ်နာခဲ့ရတယ်လို့ဆိုရမှာဖြစ်ပါတယ်။ ဟာလန်းမပါဝင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လာဇီယိုတို့နဲ့တစ်ဖက် တစ်ဂိုးစီသရေကျသွားခဲ့ပေမဲ့ ရမှတ် ၁၀ မှတ်ရရှိထားပြီး အုပ်စုနောက်ဆုံးပွဲမှာရမှတ် ၇ မှတ်ရ ဘရုဂျက်နဲ့ရမှတ် ၉ မှတ်ရ လာဇီယိုတို့ ထိပ်တိုက်ဆုံတွေ့နေပါတယ်။ ဒေါ့မွန်ကတော့ ဇင်းနစ်နဲ့အဝေးကွင်းပွဲကို ၉ ရက်နေ့ ရုရှားမြေမှာ ကစားရမှာဖြစ်တဲ့အပြင် ဘွန်းဒက်စ်လီဂါပွဲတွေဖြစ်တဲ့ ၅ ၊၁၂ ၊၁၆ နဲ့ ၁၉ ရက်နေ့ပွဲတွေမှာလဲ တိုက်စစ်မှူး ဟာလန်းလွဲချော်သွားမှာဖြစ်ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ