နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပွင့်ဖြူမြို့နယ်၌ ရွှေဖရုံသီးနှံ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး ဈေးကောင်းရရှိရန် တောင်သူများမျှော်လင့်

ပွင့်ဖြူ၊  ဒီဇင်ဘာ ၆


မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် အညာကျေးလက်ဒေသများရှိ တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းအား (နွေ ၊ မိုး ၊ ဆောင်း) ရာသီမပျက် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ ယခုနှစ်တွင် ရွှေဖရုံသီးနှံ စိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းမှုရှိသည့်အတွက် ဈေးကောင်းရရန် မျှော်လင့်နေကြကြောင်း ပွင့်ဖြူမြို့နယ်၊ ဒေးဒရဲကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသည့် ဒေသခံ တောင်သူများထံမှ သိရသည်။ 

ပွင့်ဖြူမြို့နယ် အညာကျေးလက်ဒေသများရှိ တောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရာတွင် ယခင်က မိရိုးဖလာ စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုအခါ စိုက်ပျိုးရေးနည်းပညာများ တိုးတက်လာသည်နှင့်အမျှ အထွက်နှုန်းကောင်းသော စိုက်ပျိုးနည်းစနစ်များကို ပြောင်းလဲစိုက်ပျိုးလုပ်ကိုင်လာကြကြောင်း သိရသည်။ ထိုသို့ သီးနှံများစိုက်ပျိုးရာ၌ အချို့ကျေးရွာများမှ ဒေသခံတောင်သူများမှာ ဈေးကွက်ကောင်းမွန်သော ဟင်းသီးဟင်းရွက်စားပင်သီးနှံများကို ရွေးချယ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်း ၊ ယခုနှစ်တွင် တောင်သူများစိုက်ပျိုးသည့် ရွှေဖရုံသီးနှံမှာ အောင်မြင်ဖြစ်ထွန်းမှုရှိကာ တောင်သူများအနေဖြင့် ရွှေဖရုံသီးနှံဆွတ်ခူး ရောင်းချရချိန်တွင် ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း ပွင့်ဖြူမြို့နယ်၊ ဒေးဒရဲကျေးရွာမှ ရွှေဖရုံသီးနှံ စိုက်ပျိုးတောင်သူများထံမှ သိရသည်။                                                                                                    ရဲဝင်းနိုင်(ညောင်ဦး)






အခြားဆက်စပ်သတင်းများ