နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လမ်းပတ်နဲ့ ပရီးမီးယားလိဂ်မှာ ပထမဆုံးထိပ်တိုက်ရင်ဆိုင်ရမယ့်အပေါ် မှတ်ချက်ပေးလိုက်တဲ့ ဘီယယ်ဆာ

ဒီဇင်ဘာ ၅

လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ မှာတော့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ချဲလ်ဆီးနဲ့ လိဒ်ယူနိုက်တက် တွေ့ဆုံနေသလို လမ်းပတ်နဲ့ဘီယယ်ဆာတို့တွေဆုံပွဲလဲဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ လွန်ခဲ့တဲ ၂ နှစ်က ချန်ပီယံရှစ်ကလပ်ဒါဘီအသင်းကို  လက်ရှိချဲလ်ဆီးနည်းပြဖရန့်လမ်းပတ် ကိုင်တွယ်ခဲ့စဉ်၊  လိဒ်စ်ယူနိုက်တက်အသင်းဟာ ဒါဘီနဲ့ထိပ်တိုက်မတွေ့ခင်၊ လမ်းပတ်နဲ့ဒါဘီအသင်းသားတွေရဲ့ လေ့ကျင့် ရေးအစီအစဉ်ကို သူလျှိုတစ်ယောက်လွှတ်ပြီး၊ လမ်းပတ်ရဲ့ဗျူဟာတွေကို လျှို့ဝှက်ထောက်လှမ်းဖို့ စေလွှတ်ခဲ့ဖူးပါတယ်။ ဒီဖြစ်ရပ်ကိုသိရှိခဲ့အပြီးမှာ၊ လမ်းပတ်ဟာလွန်စွာဒေါသထွက်ခဲ့ပြီး၊ ပေါ်တင်ဝေဖန်မှု တချို့လုပ်ခဲ့ပါတယ်။ ရာသီကုန်ခါနီး ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်လက်မှတ်တစ်စောင်ဖြစ်တဲ့ Play-Off ဆီမီးဖိုင်နယ်မှာ လမ်းပတ်ဟာ ဒါဘီအသင်းနဲ့အတူ လိဒ်စ်ယူနိုက်တက်ကို ဖြုတ်ချနိုင်ခဲ့ပါတယ်။

ဒီလိုသူလျှို တစ်ယောက်နဲ့ တခြားကလပ်တွေရဲ့ နည်းစနစ်ထောက်လှမ်းမှုလုပ်ခဲ့ခြင်းကို လိဒ်စ်ယူနိုက်တက်နည်းပြ ဘီယယ်ဆာက နောက်ပိုင်းမှာ ကိုယ်တိုင်ထုတ်ဖော်ဝန်ခံမှု လုပ်ခဲ့ပါတယ်။ ဒီအတွက်ကြောင့်လည်း အင်္ဂလန် ဘောလုံးအဖွဲ့အချုပ်က လိဒ်ယူနိုက်တက်ကို ပေါင် ၂ သိန်းဒဏ်ရိုက်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ပြိုင်ဘက်ချဲလ်ဆီးအသင်းအပေါ်လည်း အခုလိုပဲချီးကျူးပြောဆိုခဲ့ပါတယ်။ ဘီယယ်ဆာက "ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက လမ်းပတ်ဟာ အခြေခံအုတ်မြစ်ရှိထားပြီးသား ချဲလ်ဆီးအသင်းမှာ  ကစားသမားများစွာရဲ့ အရည်အသွေးကို ပိုမိုတိုးတက်လာအောင် ကိုင်တွယ်နိုင်ခဲ့ပါတယ်။ ဒီရာသီမှာတော့ အသင်းလိုက်စုစည်းမှုကို ပိုအားကောင်းလာအောင် သူလုပ်ဆောင်နေပါတယ်။

နေရာတစ်နေရာချင်းစီ အတွက် သူဟာအရည်အသွေးအကောင်းဆုံးကစားသမားတွေကို ရွေးချယ်လို့ရလာပါပြီ။ ဒီအရာတွေက  အသင်းလိုက်ကစားပုံ တိုးတက်လာခြင်း၊ တစ်ဦးချင်းစွမ်းဆောင်ရည်တိုးတက်လာခြင်းကို ထင်ထင်ရှားရှား  ထောက်ပြနေပါတယ်။

နောက်ပြီး သူ့အသင်းမှာမတူညီတဲ့အခန်းကဏ္ဍတွေမှာ အသုံးချနိုင်မယ့် ကစားသမား တွေ အများအပြားရှိနေပါတယ် ။ တဖြည်းဖြည်းတိုးတက်လာတဲ့ လူငယ်ကြယ်ပွင့်တွေ၊ အသစ်ခေါ်ယူထားတဲ့ အနာဂတ်မှာ တောက်ပလာနိုင်တဲ့ ထိပ်တန်းကစားသမားတွေနဲ့ အတွေ့အကြုံရင့် ကစားသမားကောင်း တွေလည်းရှိနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ