နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာစီကိုမပြောင်းခဲ့တဲ့ နေမာက မက်ဆီကို ပီအက်စ်ဂျီအသင်းဆီ ပြောင်းလာဖို့စည်းရုံးနေ

ဒီဇင်ဘာ ၅

 ပြီးခဲ့တဲ့ဘောလုံးရာသီတွေတုန်းကတော့ နေမာကို ဘာစီလိုနာဆီ ပြန်လည်ပြောင်းရွှေ့လာဖို့အတွက် မက်ဆီကစည်းရုံးရေး ဆင်းခဲ့တာဖြစ်ပါတယ်။ ခုတော့ နေမာကိုယ်တိုင်က မက်ဆီကိုပီအက်စ်ဂျီထံလာရောက် ကစားဖို့ ဖိတ်ခေါ်သွားခဲ့ပါတယ်။  

“လာမယ့် ဘောလုံးရာသီမှာတော့ မက်ဆီနဲ့အတူ ကစားချင်ပါတယ်။ ကျွန်တော့်ရဲ့ အဖြစ်ချင်ဆုံးဆန္ဒတစ်ခုပါပဲ။ နောက်နှစ်မှာ ကျွန်တော်တို့နှစ်ယောက် အတူတူတွဲကစားနေတာ ကို သေချာပေါက်မြင်ကြရမှာပါ”လို့  မန်ယူနဲ့ကစားတဲ့ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။ မက်ဆီနဲ့ နေမာဟာ ပီအက်စ်ဂျီအတွက် နောက်ထပ်နှစ်ရာသီတွဲဖက်ကစားပေးနိုင်တယ်ဆိုရင်တောင် ရင်ခုန်ဖို့ကောင်းနေဦးမှာပါ မက်ဆီကို လူသိရှင်ကြားစည်းရုံးရေးဆင်းခဲ့တာ နေမာအပြင် အာဂျင်တီးနားလက်ရွေးစင် ကွင်းလယ် ကစားသမား ပါရီဒက်ကလဲ မက်ဆီပြောင်းရွှေ့လာဖို့နဲ့ပတ်သက်ပြီး “မက်ဆီ PSG ကို ပြောင်းရွှေ့လာဖို့ကိစ္စကို ကျွန်တော်လည်းဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်။

တစ်သင်းလုံးက သူ့ကိုမျှော်နေကြတာပါ။ ဒါပေမယ့် သူ့ဆုံးဖြတ်ချက်က ဘယ်လိုလဲဆိုတာ မသိသေးဘူးလေ။ အသင်းမှာ တောင့်တင်းတဲ့ ကစားသမားစာရင်း ပိုင်ဆိုင်ထားတယ်၊ ဝန်ထမ်းကောင်းတွေလဲ ရှိနေတာမို့၊ သူ့ကို စည်းရုံးရတာ အားသာချက်တွေတော့ရှိမှာပါ။ မက်ဆီကလဲ သူ့အတွက် အကောင်းဆုံးဖြစ်စေမယ့် ဆုံးဖြတ်ချက်မျိုးကိုပဲ ချမှတ်လိမ့်မယ်ထင်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ လိုလိုလားလားနဲ့ ကြိုဆိုသွားဖို့အသင့်ပါပဲ”လို့ ပြောဆိုသွားခဲ့ပါတယ်။

ပြင်သစ် အခြေစိုက်သတင်းဌာနတစ်ခုဖြစ်တဲ့ RMC က “ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာကတည်းက နေမာဟာ မက်ဆီကို ခေါ်ယူနိုင်ဖို့အတွက် သူတတ်နိုင်သမျှ အကုန်လုပ်ခဲ့တာပါ။ သူပြောခဲ့တာတစ်ခုက ပီအက်စ်ဂျီကို ပြောင်းလာမယ်ဆိုရင် သေချာပေါက် စိတ်ချမ်းသာစေရမယ်၊ ကလပ်အသင်း တည်ဆောက်ပုံကလဲ စနစ် ကျပြီးသားဆိုတဲ့အကြောင်းတွေပါ။ မက်ဆီကတော့ တွေပြီး၊ အလေးအနက်စဉ်းစားခဲ့ဟန်တူပါတယ်။ ဒါပေမယ့်  မက်ဆီကိုခေါ်ချင်တဲ့ကလပ်တွေက များလွန်းနေတော့၊ စည်းရုံးရေးဆင်းရတာ ခက်ခဲပါလိမ့်မယ်” လို့ ဖော်ပြသွားခဲ့ပါတယ်။

ပီအက်စ်ဂျီနဲ့ နီးစပ်တဲ့သူတချို့ကတော့ သူတို့အမြင်ကို “အပြောင်းအရွှေ့ကာလမှာ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ကြိုပြောထားလို့မရပါဘူး။ ကလပ်အသင်းဘက်ကတော့ ဘယ်လို ကစားသမားမျိုးကိုမဆို ရအောင်ခေါ်ယူနိုင်တယ်ဆိုတာ သက်သေပြထားခဲ့ပြီးပါပြီ။ နေမာနဲ့ ဘာပေ ကိုတောင် တစ်ပြိုင်နက်ခေါ်ပြခဲ့တာကြည့်ရင် သိသာပါတယ်”လို့ ချပြကြပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ