နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အေတီကိုအသင်းအတွက် တိုက်စစ်မှူး ဆွာရက်ဇ် ပါဝင်ကစားပေးနိုင်တော့မည်

ဒီဇင်ဘာ   ၅

COVID-19 ရောဂါ ကူးစက်ခံထားရသည့် တိုက်စစ်မှူးဆွာရက်ဇ်သည် ရောဂါပျောက်ကင်းသွားပြီဖြစ်ပြီး အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မည်ဟု အေတီကိုအသင်းက ထုတ်ပြန်ကြေညာခဲ့သည်။

ဆွာရက်ဇ်သည် ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက COVID-19 ရောဂါ ကူးစက်ခံခဲ့ ရသည့်အတွက် ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေရခြင်းဖြစ်သည်။
နိုင်ငံတကာပွဲစဉ်အဖြစ် ဥရုဂွေးအသင်းအတွက် ပါဝင်ကစားပေးခဲ့စဉ် ဆွာရက်ဇ်အနေဖြင့် COVID-19 ရောဂါကူးစက်ခံခဲ့ရပြီး အေတီကိုအသင်း၏ ပွဲစဉ်များနှင့်လွဲချော်ခဲ့ရသည်။

ဆွာရက်ဇ် ပါဝင်နိုင်ခြင်းမရှိသည့်ပွဲစဉ်များတွင် အေတီကိုအသင်း တိုက်စစ်ပိုင်းသည် ဂိုးရရှိရန် ရုန်းကန်နေရပြီး ယင်းပြန်လည်ကစားနိုင်တော့မည့် သတင်းသည်အသင်းနည်းပြ ဆီမြွန်နီအတွက်သတင်း ကောင်းဖြစ်သည်။

ဆွာရက်ဇ်သည် ဘာစီလိုနာအသင်းမှ အေတီကိုအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းတွင် အကောင်းဆုံး ခြေစွမ်းပြကစားနေပြီး ခြောက်ပွဲပါဝင်ကစားပေးထားကာ သွင်းဂိုး ၅ ဂိုးထိ သွင်းယူပေး ထားနိုင်ခဲ့သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ