နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရာစုနှစ်အကောင်းဆုံးကစားသမားရဲ့ အရည်အချင်းတွေနဲ့ပြည့်စုံနေတဲ့ ရော်နယ်ဒို

ဒီဇင်ဘာ ၅

ကစားသမားတွေအတွက်အသက် (၃၀)ကျော်လာရင် နေဝင်ချိန်ဆိုတဲ့ဆိုရိုးစကားကတော့ ရော်နယ်ဒို အတွက် ဟာသတစ်ခုထက်မပိုပဲ ပေါ်တူဂီသားဟာ ဇရာကိုအံတုထားနိုင်တဲ့ ရှားပါးကစားသမား တစ်ယောက်အဖြစ် အချိန်ကြာလေပိုကောင်းလေဖြစ်လာနေခဲ့ပါတယ်။

ခုအချိန်မှာ ရော်နယ်ဒိုဟာ အသက်(၃၅)နှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်ပေမယ့် ကြံ့ခိုင်မှုနဲ့တည်ဆောက်ပုံအရ အမြင့်ဆုံးအနေထားမှာ ရပ်တည်နိုင်ခဲ့သလို သူ့ရဲ့သွင်းဂိုးအချိုးက လွန်ခဲ့တဲ့ ၁၀ နှစ်ကထက် ပိုမိုကောင်းမွန်လာတာတော့ အံ့အား သင့်ဖို့ကောင်းပါတယ်။

အသက်(၃၀)နှစ်ပြည့်ပြီးနောက် ရော်နယ်ဒိုက သွင်းဂိုးစုစုပေါင်း ၂၇၆ ဂိုးရရှိခဲ့သလို ယခုနောက်ဆုံး ငါးနှစ်အတွင်းသွင်းယူထားတဲ့ ဂိုးအရေတွက်က ရှေ့ပိုင်း ၅ နှစ်တွေရဲ့ သွင်းဂိုးထက် ပိုများပြား လွန်းနေပါတယ်။ ပေါ်တူဂီအသင်းအတွက်လည်း အသက်(၃၀)နှစ်မတိုင်ခင်မှာ သွင်းဂိုး ၅၂ ဂိုးအတွက် ၁၁၈ ပွဲ ကစားထားခဲ့ရပေမယ့်အသက် (၃၀)ကျော်ပြီးနောက်မှာတော့ ၄၇ ပွဲမှာ ၄၉ ဂိုးအထိသွင်းယူခဲ့ပြီး တစ်ပွဲတစ်ဂိုးမက သွင်းယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာလည်း ဂျူဗင်တပ်စ်အတွက် ၃၇ ဂိုးသွင်းကာ စီးရီးအေဖလားရယူပေးခဲ့သလို ဂျူဗင်တပ်စ်သမိုင်းမှာ ဂိုး ၅၀ အမြန်ဆုံးပြည့်တဲ့ ကစားသမားအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ နောက်ထပ်ထူးခြားချက်တစ်ခုက ချန်ပီယံလိဂ်သွင်းဂိုးတွေနဲ့ အောင်မြင်မှုတွေပဲဖြစ်ပါတယ်။ ရော်နယ်ဒိုက (၂၇)နှစ်အထိ ချန်ပီယံလိဂ်သွင်းဂိုး ၃၁ ဂိုးနဲ့ ဖလား တစ်ကြိမ်သာရရှိခဲ့ပေမယ့် ယနေ့ အသက် (၃၅)နှစ်မှာတော့ ၁၂၈ ဂိုးရရှိကာ ဖလားငါးကြိမ်အထိ ရယူနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ ရော်နယ်ဒို အသက် (၂၇) နှစ်အရွယ် သွင်းဂိုး ၃၁ ဂိုးသာရရှိထားချိန်မှာ မက်ဆီက (၂၇)နှစ်မှာပဲ ၆၇ ဂိုးရရှိခဲ့ပေမယ့် ယနေ့လက်ရှိမှာတော့ မက်ဆီက ၁၁၄ ဂိုးသာရရှိထားပြီး ရော်နယ်ဒိုရဲ့ ဖြတ်ကျော်ခြင်းကိုခံထားရတာလည်းဖြစ်ပါတယ်။

ဒီလိုပိုမိုကောင်းမွန်လာတဲ့တန်ဖိုးအကြီးဆုံးဖြစ်စေဖို့ ကမ္ဘာ့ဘောလုံးအသိုင်းဝန်းက အလိုရှိနေပြီး ၂၁ ရာစုရဲ့အကောင်းဆုံးကစားသမားအဖြစ် ရော်နယ်ဒိုကို သတ်မှတ်ဖို့စီစဉ်နေကြပြီး ဆုသာပေးအပ်ခဲ့ရင် ရော်နယ်ဒို-မက်ဆီ တိုက်ပွဲတွေလည်း တစ်ခန်းရပ်သွားမှာဖြစ်ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ