နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အအောင်မြင်ဆုံးပြိုင်ပွဲချန်ပီယံလိဂ်မှာ ဒီရာသီရုန်းကန်နေရတဲ့ ရီးရဲလ်

ဒီဇင်ဘာ  ၄


ချန်ပီယံလိဂ်(၁၃)ကြိမ် ရထားတဲ့ ဥရောပဘုရင်ကြီးဟာ ဒီရာသီမှာတော့ ရလဒ်ဆိုးတွေနဲ့အတူ ရုန်းကန် နေရတာဆိုပေမယ့် ယူရိုပါလိဂ်ကိုသွားရောက်ပါ့မလားဆိုတာတော့ မသေချာပါဘူး။ အခန့်မသင့်ရင်တော့ ရီးရဲလ်ဆိုတဲ့ ချန်ပီယံလိဂ်ဘုရင်ကြီးဟာ ဥရောပရဲ့ ယူရိုပါလိဂ်မှာလည်း ဘဝပျက်နိုင်ပါတယ်။ ရီးရဲလ်ဟာ ရှက်တာ၊ မိုချန်၊ အင်တာတို့သာ ပါဝင်တဲ့ အုပ်စုအတွင်းမှာ နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံး၊ တစ်ပွဲသရေကျကာ ရမှတ် ၇ မှတ်နဲ့ အဆင့်သုံးမှာရှိပါတယ်။ ရှက်တာက ရမှတ် ၈ မှတ်နဲ့ အဆင့်(၁)၊ မိုချန်က ၇ မှတ် ၇ ဂိုးကွာနဲ့ အဆင့်(၂)မှာ ရပ်တည်နေပြီး နာမည်ကြီး အင်တာကလည်း ရမှတ် ၅ မှတ်နဲ့ အဆင့်(၄)မှာ ရပ်တည်နေပါတယ်။ နောက်ဆုံး ပွဲစဉ်ကိုတော့ လာမယ့်တစ်ပတ်မှာ ရီးရဲလ်က မိုချန်ဂလာဘတ်နဲ့ယှဉ်ပြိုင်မှာဖြစ်ပြီး အင်တာကတော့ ရှက်တာ နဲ့ ရင်ဆိုင်ရမှာဖြစ်ကာ ရီးရဲလ်သာ မိုချန်ကိုရှုံးနိမ့်ပြီး အင်တာက ရှက်တာကိုနိုင်သွားရင် အုပ်စုကနေပါ ပြုတ် သွားနိုင်ပါတယ်။ ဒါကြောင့် ရီးရဲလ်ဟာ အဲဒီပွဲကိုနိုင်မှဖြစ်မှာပါ။ ရီးရဲလ်မက်ဒရစ်လိုအသင်းမျိုးကို ယူရိုပါလိဂ်မှာ ဆင်းကန်ရမယ်ဆိုရင် ယုံကြည်မည့်သူ ရှာမှရှားဖြစ်မှာပါ။ ဒါပေမယ့် လက်ရှိမှာတော့ ဖြစ်လာနိုင်တယ်ဆိုတာ အသေချာပါပဲ။ ရီးရဲလ်တို့ ရှက်တာကိုရှုံးနိမ့်ထားပြီးနောက် ချန်ပီယံလိဂ်အုပ်စုတက်ဖို့အခြေအနေက အတော်ရုန်းကန်ရနိုင်ပါတယ်။  ရီးရဲလ်ရဲ့ ချန်ပီယံလိဂ်အုပ်စုဟာ ရှက်တာဒိုးနတ်နဲ့ မိုချန်ဂလာဘတ်လို အသင်းတွေသာ ပါဝင်ပြီး အင်တာမီလန်နဲ့အတူ အုပ်စုကနေ ကျော်လွန်နိုင်မယ့် အကောင်းဆုံးအသင်းဖြစ်ပေမယ့် လက်ရှိအခြေအနေတွေမှာတော့ ရီးရဲလ်အနေနဲ့ အတော်လေးအခြေအနေဆိုးရွားနေပါတယ်။ ရီးရဲအသင်းမှာ ရော်နယ်ဒိုမရှိတဲ့နောက်ပိုင်း ချန်ပီယံလိဂ်မှာ အောင်မြင်မှုတွေအလှမ်းကွာဝေးခဲ့ရပါတယ်။ 

(SO)






အခြားဆက်စပ်သတင်းများ