နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိမ်ကွင်းရှုံးပွဲကြောင့် နောက်ဆုံးအချိန်ထိ ရုန်းရတော့မယ့် မန်ယူအသင်း

ဒီဇင်ဘာ ၄


ချန်ပီယံလိဂ်အုပ်စုအဆင့် ပွဲစဉ် ၅ ရဲ့ ဒုတိယနေ့ပွဲတွေကို မနေ့က ဆက်ကစားခဲ့ရာမှာ အကောင်းဆုံးပွဲ တစ်ပွဲဖြစ်တဲ့ မန်ယူနဲ့ ပီအက်စ်ဂျီတို့ပွဲစဉ်က တော်တော်လေးအကြိတ်အနယ်ရှိခဲ့ပါတယ်။ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ အရေးပါတဲ့ပွဲစဉ်ဖြစ်နေတာကြောင့် အနိုင်ရဖို့အတွက် တိုက်စစ်ကိုအသားပေးပွဲထုတ်ခဲ့ကြတာကြောင့် ကြည့်ကောင်းခဲ့တဲ့ပွဲပဲဖြစ်ပါတယ်။ ပီအက်စ်ဂျီက ၁-၃ နဲ့ အဝေးကွင်းမှာ အနိုင်ယူခဲ့ပြီး ပထမအကျာ့ ရှုံးကြွေးကိုဆပ်နိုင်ခဲ့သလို နောက်တစ်ဆင့်အတွက် မျှော်လင့်ချက်ကောင်းသွားခဲ့ပြီဖြစ်ပေမယ့် မန်ယူတို့ကတော့ ဖရက်ဒ်ထုတ်ပယ်ခံရမှု၊ မာရှယ်ရဲ့အပိုင်အခွင့်အရေးလွဲချော်မှုတွေကြောင့် အုပ်စုနောက်ဆုံးပွဲမှာ လိုက်ဇစ်ကို အရေးမနိမ့်အောင်ကစားရတော့မယ့် အခြေအနေကို ရောက်သွားခဲ့ပါတယ်။ ပီအက်စ်ဂျီရဲ့ ဦးဆောင်ဂိုးကို ရက်ရှ်ဖို့ဒ်က ပြန်လည်ချေပနိုင်ခဲ့ပြီးနောက် ဦးဆောင်ဂိုးရရှိမယ့် အကောင်းဆုံးအခွင့်အရေးနှစ်ကြိမ်ကို မာရှယ်က အံ့အားသင့်လောက်အောင် လွဲချော်ခဲ့ပါတယ်။ ပီအက်စ်ဂျီကတော့ ရတဲ့အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချနိုင်ခဲ့ပြီး ဂိုးတွေသွင်းယူနိုင်ခဲ့ကာ အဖိုးတန်ရမှတ် ၃ မှတ်ကို အရယူနိုင်ခဲ့ပါတယ်။ မန်ယူအသင်း ကစားပုံကောင်းမွန်ခဲ့ပေမယ့် ဆိုးလ်ရှားရဲ့ ဆုံးဖြတ်ချက်အားနည်းမှုတွေက ဒီပွဲရလဒ်ကို သက်ရောက်စေခဲ့ပြီး မာရှယ်ရဲ့ ဖြုန်းတီးမှုတွေကလည်း ပရိသတ်တွေကို ဒေါသထွက်စေခဲ့ပါတယ်။ လက်ရှိမှာ မန်ယူ၊ ပီအက်စ်ဂျီ နဲ့ လိုက်ဇစ်တို့ ရမှတ် ၉ မှတ်စီရှိနေကာ အစ္စတန်ဘူလ်ကတော့ မျှော်လင့်ချက်ကုန်ဆုံးခဲ့ပြီဖြစ်ပါတယ်။ နောက်ဆုံးပွဲမှာ ပီအက်စ်ဂျီနဲ့ အစ္စတန်ဘူလ်၊ လိုက်ဇစ်နဲ့ မန်ယူတို့ ကစားရတော့မှာဖြစ်လို့ ပီအက်စ်ဂျီက အကောင်းဆုံးအခွင့်အရေးကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ လိုက်ဇစ်ကတော့ မဖြစ်မနေနိုင်ပွဲရယူနိုင်ဖို့ လိုအပ်နေပြီး အိမ်ကွင်းရှုံးပွဲမရှိသေးတဲ့ သူတို့ရဲ့စံချိန်ကြောင့် မျှော်လင့်ချက်အပြည့်ရှိနေကာ မန်ယူအသင်းကတော့ ဂျာမနီမြေမှာ ရုန်းကန်ရဖို့ရှိနေခဲ့ပါပြီ။

(SO)






အခြားဆက်စပ်သတင်းများ