နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်တာမီလန် ခံစစ်ကစားသမား ကရီနီယာကို စပါးအသင်းက ခေါ်ယူမည်

ဒီဇင်ဘာ  ၄


စပါးအသင်းသည် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အင်တာမီလန်အသင်း ခံစစ်ကစားသမား ကရီနီယာကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရသည်။

ကရီနီယာသည် ဥရောပအကောင်းဆုံး ခံစစ်ကစားသမားများ စာရင်းတွင်ပါဝင်နေပြီး ဥရောပအသင်းကြီး များကလည်း ယင်းကို ခေါ်ယူရန် ကြိုးပမ်းနေကြသော်လည်း စပါးအသင်းက စတာလင်ပေါင် ၄၅ သန်းဖြင့် ခေါ်ယူရန် ပြင်ဆင်လျက်ရှိသည်။

COVID-19  ရောဂါကာလအတွင်း ဝင်ငွေကျဆင်းနေသည့် အင်တာမီလန်အသင်းသည် ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလက ကစားသမားအများအပြားခေါ်ယူထားသည့်အတွက် ဘဏ္ဍာရေးကျပ်တည်းမှုများဖြင့် ရင်ဆိုင်နေရသောကြောင့် ကရီနီယာကို ရောင်းချသွားရန် စီစဉ်နေခြင်းဖြစ်သည်။

အသက် ၂၅ နှစ်အရွယ်ရှိ ကရီနီယာသည် အင်တာမီလန်အသင်း၏ ခံစစ်ပိုင်းတွင် အဓိက ကစားသမားအဖြစ် ပါဝင်ကစားနေပြီး အကောင်းဆုံးခြေစွမ်းပြသနေသူဖြစ်သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ