နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒိုင်နမိုကိဗ်နဲ့ပွဲမှာ ကစားသမားဘဝဂိုး ၇၅၀ ပြည့်မြောက်ခဲ့တဲ့ ရော်နယ်ဒို

ဒီဇင်ဘာ  ၄


ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂျူဗင်တပ်အသင်းနဲ့ ဒိုင်နမိုကိဗ်တို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ပွဲမှာ ပေါ်တူဂီကြယ်ပွင့် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ရီးရဲအတွက် ဒုတိယမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ကစားသမား ဘဝ စုစုပေါင်းသွင်းဂိုး ၇၅၀ အထိ ရှိလာခဲ့ပြီဖြစ်ပြီး အဲဒီရော်နယ်ဒိုရဲ့သွင်းဂိုးဟာ ဂျူဗင်တပ်အသင်းရဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်ဖြစ်တဲ့ ဒိုင်နမိုကိဗ်နဲ့ပွဲစဉ်မှာ စီးရီးအေထိပ်သီးအသင်းကြီးကို ၂-၀ နဲ့ ဦးဆောင်နိုင် စေခဲ့တာဖြစ်ပါတယ်။ ၅၇ မိနစ်မှာ မိုရာတာရဲ့ ကန်သွင်းချက်ကို ဒိုင်နမိုကိဗ်ဂိုးသမား ပုတ်ထုတ်လိုက်ရာကနေ ပြန်လျှံထွက်လာတဲ့ဘောလုံးကို ရော်နယ်ဒိုက အမှားအယွင်းမရှိ အသာအရာပိတ်သွင်းယူသွားခဲ့တာဖြစ်ပါ တယ်။ ရော်နယ်ဒိုဟာ ယခုရာသီမှာ ဂျူဗင်တပ်အသင်းအတွက် စုစုပေါင်း ပြိုင်ပွဲစုံ ၁၀ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီ ဖြစ်သလို ချန်ပီယံလိဂ်မှာလည်း ဒုတိယမြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒိုင်နမိုကိဗ်နဲ့ ပွဲစဉ်က သွင်းဂိုးဟာ ဂျူဗင်တပ်အသင်းအတွက် ၇၅ ဂိုးမြောက်သွင်းယူပေးခဲ့တဲ့ဂိုးလည်းဖြစ်ခဲ့ပြီး ကြယ်ပွင့် ကစားသမားဟာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပြီးဖြစ်သလို ဂျူဗင်တပ် အတွက်လည်း ဂိုး ၁၀၀ ပြည့်ဖို့ ပိုမိုနီးကပ်လာနေတာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ သွင်းဂိုး ၅၀၀ ကို ကျော်လွန်တဲ့ လက်ရှိကစားသမား ၄ ဦးထဲက တစ်ဦးအပါအဝင်ဖြစ်ပြီး မက်ဆီနဲ့ ရော်နယ်ဒိုတို့ ၂ ဦးက ကလပ်အသင်းအတွက် ဂိုးပေါင်း ၇၀၀ ကျော် သွင်းယူထားတာဖြစ်ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ