နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လီဗာပူးရဲ့ အန်ဖီးလ်ကွင်းကြီး တိုးချဲ့တည်ဆောက်ဖို့ အဆိုပြုလွှာတင်သွင်းလိုက်ပြီ

ဒီဇင်ဘာ  ၄


ပရီးမီးယားလိဂ်ရဲ့ လီဗာပူးအသင်းပိုင်ရှင် အမေရိကန်သူဌေးတွဖြစ်တဲ့ ပိုင်ရှင် FSG တို့ဟာ အသင်းကို လွှဲပြောင်း ရယူပြီးနောက်ပိုင်း ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းဖြစ်အောင် တည်ဆောက်ပြခဲ့သလို အခြေခံ အဆောက်အဦတည်ဆောက်ခြင်းလုပ်ငန်းတွေမှာလည်း အဆက်မပြတ်လုပ်ဆောင်နေတာတွေ့ရပါတယ်။ ၂၀၁၆ ခုနှစ်ဝန်းကျင်က Main Stand တိုးချဲ့တည်ဆောက်ခဲ့ပြီး၊ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာလည်း AXA လေ့ကျင့်ရေးစင်တာသစ်ကြီးကို ထပ်မံဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ယခုအခါ Anfield Road Stand ပွဲကြည့်စင်တိုးချဲ့ဖို့ လုပ်ငန်းအဆိုပြုလွှာကို မြို့တော်ကောင်စီထံ တရားဝင်တင်သွင်းလိုက်ကြောင်း ကလပ်အသင်းက ကြေညာချက် ထုတ်ပြန်သွားခဲ့ပါတယ်။ အခုစီမံကိန်းမှာ Anfield Road Stand ပွဲကြည့်စင်ကို နောက်ထပ် ပရိသတ် ၆၁၀၀၀ အထိ ဝင်ရောက်ကြည့်ရှုခွင့်ရနိုင်အောင် တိုးချဲ့ဆောက်လုပ်သွားမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အခြား ပွဲတော်ကြီးတွေ၊ ဂီတဖျော်ဖြေပွဲတွေကိုပါ အမြဲတမ်းလက်ခံကျင်းပပေးနိုင်မယ့် ခွင့်ပြုချက်မျိုးကိုပါ ပေးအပ်ဖို့ အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေကို တောင်းဆိုထားပါတယ်။ Anfield Road Stand တိုးချဲ့မယ့် အစီအစဉ် အရ ၂၀၁၄ ခုနှစ်ကစပြီး ဘယ်လိုအကောင်အထည်ဖော်လုပ်ဆောင်သင့်တယ်ဆိုတဲ့ အသံတွေကို နားစွင့်ကာ စီမံကိန်းကိုရေးဆွဲခဲ့တာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်းမှာတော့ ပွဲကြည့်စင်ဘက်အခြမ်းမှာ ရှိတဲ့ လူနေအိမ်တွေ၊ လမ်းအသုံးပြုမှုဆိုင်ရာခွင့်ပြုချက်တွေကို သေချာတိုင်းတာရေးဆွဲထားတဲ့ စီမံကိန်း အတွက် ပြင်ဆင်သင့်တဲ့ အကြောင်းအရာတွေကို ပြန်လည်ပြင်ဆင်ခဲ့ကာ  မြို့တော်ကောင်စီထံ တရားဝင် တင်သွင်းလိုက်တာဖြစ်ပါတယ်။

အသင်းရဲ့ အလုပ်အမှုဆောင်ချုပ်ဖြစ်တဲ့ အန်ဒီဟုချ် ကတော့  “ ဒီစီမံကိန်းကြီးကို စတင်လုပ်ဆောင်တော့မယ် လို့ ကြံရွယ်ခဲ့ကတည်းက ကျွန်တော်တို့ဟာ အခြေခံအချက် ၃ ချက်ကို ဆွဲကိုင်ကာ စဉ်းစားခဲ့ပါတယ်။ အဲဒါတွေကတော့ Financial , Viability , Sustainability တွေပါ။ စီမံကိန်းတစ်ခုလုံးဟာ ဒေသခံ အိမ်ထောင်စုတွေရဲ့ ထောက်ခံချက်အပြည့်နဲ့ရေးဆွဲခဲ့တာဖြစ်ပြီး ပါဝင်အကြံပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက် ချင်းစီနဲ့ အဖွဲ့အစည်းအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ တစ်ဆက်တည်းမှာ အခု စီမံကိန်းကြောင့် ဒေသခံတွေရဲ့ စီးပွားရေးတွေအပေါ် တစ်ဖက်တစ်လမ်းကနေ အထောက်အကူဖြစ်နိုင်လိမ့် မယ်လို့ ယုံကြည်မိပါတယ်”လို့ ပြောဆိုသွားခဲ့ပါတယ်။ 

လီဗာပူးအသင်းဘက်ကတော့ ဒီ Project အတွက် တရားဝင်ဆုံးဖြတ်ချက်ကို ၂၀၂၁ ခုနှစ် ဆောင်းဦးရာသီ အရောက်မှာ ပေါ်ထွက်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ အကယ်၍ စီမံကိန်းသာ အကောင်အထည်ဖော် ဖြစ်ခဲ့မယ်ဆိုရင် အသင်းရဲ့ Match Day ဝင်ငွေက သိသိသာသာ တိုးတက်လာမှာဖြစ်လို့ ကလပ်စီးပွားရေးက လည်း လက်ရှိအနေအထားထက်ပိုပြီး ခိုင်မာလာဖွယ်ရှိနေပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ