နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရရှိဖို့ခက်ခဲလှတဲ့ ရွှေခြေထောက်ဆုကို ၂၀၂၀ ခုနှစ်မှာ ရော်နယ်ဒို ဆွတ်ခူးရရှိ

ဒီဇင်ဘာ ၃


ရွှေခြေထောက်ဆုဟာ ဘောလုံးသမိုင်းမှာ နှစ်စဉ်ပေးအပ်နေတဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ တစ်သက်တာဆုမျိုး ဖြစ်ကာ ဒီဆုကို ၂၀၀၃ ခုနှစ်မှာ စတင်ပေးအပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ဘောလုံးကစားနေတဲ့ အနည်းဆုံး အသက် ၂၈ နှစ်အထက် ကစားသမားတွေကိုသာ ရွေးချယ်ပေးအပ်နေတာဖြစ်ပါတယ်။ ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဘောလုံးနဲ့ပတ်သက်ပြီး ဆုတံဆိပ်တော်တော်များများကို ရရှိထားခဲ့သူပါ။ လက်ရှိမှာတော့ ရရှိဖို့ အခက်ခဲဆုံးဆုတွေထဲက ဆုကိုပါ ရရှိခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ယင်းရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံးဆုတွေထဲက တစ်ခုအဖြစ် ၂၀၂၀ ပြည့်နှစ်အတွက် ရရှိဖို့ခက်ခဲတဲ့ ရွှေခြေထောက်ဆုကို ၁၈ ဦးမြောက် ကစားသမားအဖြစ် ရရှိခဲ့တာပဲဖြစ်ပါတယ်။ ကစားသမားတွေဟာ ရွှေခြေထောက်ဆုကို တစ်သက်မှာတစ်ခါသာရရှိနိုင်ပြီး ဆုရရှိသူတိုင်းကလည်း အနည်းဆုံး ဆန်ခါတင် ၁၀ ယောက်ထဲကမှ ကမ္ဘာတလွှားက ဂျာနယ်လစ်တွေရဲ့ မဲပေးရွေးချယ်မှုနဲ့ ဘောလုံးပရိသတ် တွေရဲ့ အွန်လိုင်းကနေ မဲပေးမှုတွေကိုပါ ထည့်သွင်းစဉ်းစားပြီးမှ ရွေးချယ်ခြင်းခံရတာဖြစ်ပါတယ်။ ဆုရရှိသူဟာ သူတို့ရဲ့ ခြေရာကို ပုံလောင်းဖို့အတွက် မိုနာကို ကမ်းခြေမှာရှိတဲ့ ချန်ပီယံများလျှောက်လမ်းကို ဖိတ်ခေါ်ခြင်းခံရမှာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဆန်ခါတင်စာရင်းထဲက ကမ္ဘာ့ထိပ်တန်းကစားသမားတွေဖြစ်တဲ့ မိုဟာမက်ဆာလာ၊ လီဝန်ဒေါစကီး၊ နေမာတို့ကို ကျော်ဖြတ်ပြီး ဆုရရှိခဲ့တာကြောင့်ရွှေခြေထောက်ဆုကို ရရှိဖို့အတွက် တော်တော်လေး စောင့်ဆိုင်းခဲ့ရတယ် လို့ ဆိုရမှာဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်ကစတင်ပြီးချီးမြှင့်လာခဲ့တဲ့ ရွှေခြေထောက်ဆုရရှိပြီးသူ ကစားသမား စုစုပေါင်း ၁၈ ဦးရှိခဲ့ပြီဖြစ်ပါတယ်။ အနီးဆုံး ၅ ဦးကတော့ ၂၀၁၆- ဘူဖွန်၊ ၂၀၁၇- ကာဆီးလက်စ်၊ ၂၀၁၈- ကာဗာနီ၊ ၂၀၁၉- မိုဒရစ်နဲ့ ၂၀၂၀-ရော်နယ်ဒိုတို့ဖြစ်ပါတယ်။ ဒီဆုကို အကောင်းဆုံးဘောလုံးကစားသမားဆု ၆ ကြိမ်ရရှိထားပြီးသူ မက်ဆီ တစ်ယောက်ရရှိခဲ့ဖူးခြင်းမရှိသေးတာကိုတွေ့ရှိရပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ