နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မာရာဒိုနာကို ဂုဏ်ပြုခဲ့တဲ့ မက်ဆီကြောင့် ဒဏ်ငွေပေးဆောင်ရတော့မယ့် ဘာစီလိုနာအသင်း

ဒီဇင်ဘာ  ၃


အသက် ၆၀ အရွယ်မှာ နှလုံးဖောက်ပြီး ကွယ်လွန်ခဲ့တဲ့ ကမ္ဘာ့ဖလားချန်ပီယံဟောင်း မာရာဒိုနာအတွက် အာဂျင်တီးနားမှာ ၃ ရက်ကြာ နိုင်ငံတော်အဆင့်အောက်မေ့တသခြင်းအထိမ်းအမှတ်တွေ ပြုလုပ်ခဲ့ကြပါတယ်။ တနင်္ဂနွေညကပွဲစဉ်မှာ ဘာစီလိုနာအသင်းဟာ အိုဆာဆူနာအသင်းကို ၄-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ ဂိုးသွင်းယူပြီးနောက် ကွယ်လွန်သွားပြီဖြစ်တဲ့ အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာကို ဂုဏ်ပြုအောင်ပွဲခံခဲ့တဲ့အတွက် ဒဏ်ကြေးပေးဆောင်ရမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ဘောလုံးလောကမှာလည်း မာရာဒိုနာကို အောက်မေ့သတိရဂုဏ်ပြုမှုတွေပြုလုပ်ခဲ့ကြပြီး အဲဒီထဲမှာ မာရာဒိုနာရဲ့ လက်အောက်မှာ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ကစားပေးခဲ့တဲ့ မက်ဆီလည်း ပါဝင်ခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ်တိုက်စစ်မှူးဟာ မာရာဒိုနာရဲ့ ကစားသမားဘဝအတိုင်း တစ်ထပ်တည်း ခြေရာ လိုက်နင်းခဲ့သူဖြစ်ပြီး နီဝဲလ်အိုးဘွိုင်းအသင်းမှာ ကစားသမားဘဝကို စတင်ခဲ့ကာ ဘာစီလိုနာအသင်းအတွက် လည်း ကစားပေးနေခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ အိုဆာဆူနာနဲ့ပွဲစဉ်မှာ ယင်းရဲ့ ဒုတိယမြောက်သွင်းဂိုးကို သွင်းယူပြီးသွားတဲ့အချိန်မှာ ဘာစီလိုနာဝတ်စုံကိုချွတ်ပြီး နီဝဲလ်အိုးဘွိုင်းအသင်းမှာ မာရာဒိုနာဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ဝတ်စုံနဲ့ အောင်ပွဲခံ ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဘာစီလိုနာအသင်းဟာ မာရာဒိုနာကို အဲဒီလိုပုံစံမျိုးနဲ့ လေးစားမှုပြသခဲ့တဲ့ မက်ဆီအတွက် အပြစ်ပေးခံရတော့မယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ Sport ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ စပိန်တော်ဝင် ဘောလုံး အဖွဲ့ချုပ်ရဲ့ စည်းမျဉ်းစည်းကမ်းဥပဒေ ပုဒ်မ ၉၁ မှာ ဖော်ပြထားချက်အရ ယူရို ၃၀၀၀ ဒဏ်ငွေ ချမှတ်ခံရနိုင် တယ်လို့ သိရပြီး ဖီဖာရဲ့စည်းမျဉ်းအရလည်း တရားဝင်ပြိုင်ပွဲအားလုံးမှာ အင်္ကျီကိုချွတ်ပြီး အောင်ပွဲခံတာကို တားမြစ်ထားတာဖြစ်ပါတယ်။ 

(SO)






အခြားဆက်စပ်သတင်းများ