နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျူဗင်တပ်အသင်း တိုက်စစ်မှူး မိုရာတာ နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရ

ဒီဇင်ဘာ  ၃


ဂျူဗင်တပ်အသင်းနှင့် ဘန်နီဗန်တိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် ကွင်းလယ်ဒိုင်ကို စောဒက တက်ကာ ဝေဖန်ခဲ့သည့် ဂျူဗင်တပ်အသင်း တိုက်စစ်မှူး မိုရာတာကို နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း စီးရီးအေအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။

အဆိုပါပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပြီးနောက် မိုရာတာအနေဖြင့် ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်အချို့ကို မကျေနပ်၍ ဝေဖန်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲစဉ်ကို တာဝန်ယူခဲ့သည့် ကွင်းလယ်ဒိုင်ကလည်း ပွဲပြီးအစီရင်ခံစာတွင် ယင်းဖြစ်စဉ်ကို ထည့်သွင်း ရေးသားခဲ့သည့်အတွက် စီးရီးအေအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီက မိုရာတာ၏ ဖြစ်စဉ်ကို စုံစမ်း စစ်ဆေးမှုပြုလုပ်ခဲ့ရာ ယင်းအနေဖြင့် ကွင်းလယ်ဒိုင်ကို လေးစားမှုမရှိသည့်စွဲချက်ဖြင့် အရေးယူရန် ဆုံးဖြတ်ခဲ့ ပြီးနောက် နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

မိုရာတာသည် အေတီကိုအသင်းမှ ဂျူဗင်တပ်အသင်းသို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကစားနေသူဖြစ်ပြီး လက်ရှိဘောလုံးရာသီတွင် ပြိုင်ပွဲစုံအသင်းအတွက် သွင်းဂိုး ၈ ဂိုးထိ သွင်းယူပေးထားသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ