နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗိုင်းရပ် ကူးစက်မှုတွေများနေတာကြောင့် အက်စ်တွန်ဗီလာနဲ့ ကစားမယ့်ပွဲကို ရက်ရွှေ့ပေးဖို့ တောင်းဆိုသွားမယ့် နယူးကာဆယ်

ဒီဇင်ဘာ  ၃


နယူးကာဆယ်အသင်းဟာ ဗိုင်းရပ်ကူးစက်မှုဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားနေရတာကြောင့် ဒီတစ်ပတ် သောကြာနေ့မှာကစားမယ့် အက်စ်တွန်ဗီလာနဲ့ပွဲစဉ်ကို ရက်ရွှေ့ပေးဖို့ တောင်းဆိုသွားတော့မှာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ နယူးကာဆယ်အသင်းမှာ ကစားသမား ၁၀ ဦးထက်မနည်း ဗိုင်းရပ်ကူးစက်ခံထားရတယ်လို့ သိရပါတယ်။ သတင်းတွေမှာတော့ နယူးကာဆယ်အနေနဲ့ အခုလို ကူးစက်ခံရမှု ရုတ်တရက်မြင့်တက်သွားတာ ကြောင့်  ပရီးမီးယားလိဂ်တာဝန်ရှိသူတွေဟာ အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ယာယီပိတ်ခိုင်းထားတယ်လို့ ဆိုပါတယ်။ နယူးကာဆယ်ဟာ အက်စ်တွန်ဗီလာနဲ့ အဝေးကွင်းပွဲစဉ်ကို ရွှေ့ဆိုင်းပေးဖို့ တရားဝင်တော့ မတောင်းဆိုရသေးပါဘူး။ ဒါပေမယ့် သူတို့ဟာ လက်ရှိရင်ဆိုင်နေရတဲ့အနေအထားတွေနဲ့ပတ်သက်ပြီး ဒေသတွင်း တာဝန်ရှိသူတွေ၊ နယူးကာဆယ်ကောင်စီနဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံလျက်ရှိနေပြီး ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားရင် အကောင်းဆုံးဖြစ်မလဲဆိုတဲ့ အကြံဉာဏ်တွေကို တောင်းခံလျက်ရှိနေပါတယ်။ တစ်ဖက်မှာ ပရီးမီးယားလိဂ်ကလည်း ပွဲကို ရွှေ့ဆိုင်းပေးဖို့ သဘောတူမလား၊ မတူဘူးလားဆိုတဲ့ အချက် ကိုလည်း တိတိကျကျသိရှိရခြင်းမရှိသေးပါဘူး။ လက်ရှိအချိန်ထိတော့ ဗီလာနဲ့ပွဲစဉ်ဟာ ကစားမယ့်အစီအစဉ် တွေထဲမှာရှိနေဆဲပါ။ ဒါပေမယ့် ပရီးမီးယားလိဂ်အနေနဲ့ ကစားသမားတွေအကြား ဗိုင်းရပ်ပျံ့နှံ့နေမှုကို               ထည့်သွင်းစဉ်းစားပေးသွားရမှာလည်းဖြစ်သလို ဘာမင်ဂမ်အထိခရီးသွားရမယ့်အကြောင်းအရာလည်းရှိနေ သေးတာကြောင့် ဘယ်လိုဆုံးဖြတ်ချက်တွေ ထွက်ပေါ်လာမလဲ ဆိုတာ ဆက်ပြီး စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ နယူးကာဆယ်ဘက်ကလည်း ဘာလေ့ကျင့်ပြင်ဆင်မှုမှမရှိသေးဘဲနဲ့ ပွဲကစားရမယ့် အနေအထားအပေါ် စိုးရိမ်နေသလို  ကစားသမားစာရင်းကလည်း အရမ်းကိုနည်းပါးနေတဲ့အချက်ကိုလည်း စိုးရိမ်လျက်ရှိနေပါတယ်။ Telegraph သတင်းရဲ့ ဖော်ပြချက်အရတော့ ကစားသမားတွေကနေတစ်ဆင့် ထိတွေ့ခဲ့တဲ့ မိသားစုဝင်တွေပါ ကူးစက်ခံထားရတယ်လို့ သိရပြီး  ကလပ်အသင်းတစ်ခုလုံး စိုးရိမ်စိတ်တွေဖြစ်နေကြတယ်လို့ သိရပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ