နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒိုင်ဗင်ထိုးတာ မပီပြင်လို့ အရှက်ကွဲနေပြီဖြစ်တဲ့ ဂရီးလစ်ရှ်

ဒီဇင်ဘာ  ၃


အက်စ်တွန်ဗီလာကြယ်ပွင့် ဂျက်ဂရီးလစ်ရှ်ဟာ တနင်္လာနေ့ညက ဝက်စ်ဟမ်းအသင်းကို ၂-၁ နဲ့ ရှုံးနိမ့် ခဲ့တဲ့ပွဲစဉ်အတွင်း အရှက်ရဖွယ် ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲခြင်းခံနေရပါတယ်။ ဝက်စ်ဟမ်းအသင်းရဲ့ နိုင်ပွဲ ပြီးနောက် လူအများစုဟာ နောက်ထပ်တစ်ကြိမ် VAR နဲ့ပတ်သက်ပြီး ပြောဆိုခဲ့ကြတာက ကတ်သီးကတ်သပ် လိုင်းလေးကြောင့် VAR က ဝက်ကင်ရဲ့ နောက်ကျချေပဂိုးကို ငြင်းပယ်ခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် ဂရီးလစ်ရှ်ကလည်း ဝေဖန်ပြောဆိုမှုအချို့ရဲ့ အဓိကအကြောင်းအရာဖြစ်ခဲ့ပြီး ပါဘလိုဖော်နယ်နဲ့ ဖြစ်ပျက်ခဲ့တဲ့ဖြစ်စဉ်မှာ ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒုတိယပိုင်း ၅၃ မိနစ်မှာ                 အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာ ပါဘလိုဖော်နယ်နဲ့ ထိခိုက်မိခဲ့ပြီးနောက် အလွတ်တည် ကန်ဘော ကန်ခွင့်ရရှိခဲ့ပေမယ့် ဂရီးလစ်ရှ်ရဲ့ ဟန်ဆောင်မှုဟာ မပီပြင်ခဲ့တာကြောင့် လူမှုကွန်ရက်မှာ ဝေဖန်ခံ နေရတာဖြစ်ပါတယ်။ ဂရီးလစ်ရှ်ဟာ ဖော်နယ်နဲ့ ဘောလုံးယှဉ်လုရာမှာ ကိုယ်နဲ့ ကာပြီး ရယူခဲ့ပြီးနောက် ဖော်နယ်က မမီမကမ်းနဲ့ လှမ်းကန်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး ဂရီးလစ်ရှ်က အကန်ခံရတာကို ချက်ချင်း မတုံ့ပြန်ခဲ့သလို လဲကျသွားတဲ့အချိန်မှာ အကန်မခံခဲ့ရတဲ့ခြေထောက်ကို ဒဏ်ရာရချင်ယောင်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ