နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID -19 ကာကွယ်ထိန်းချုပ်ရေးကာလတွင် တာဝန်ထမ်းဆောင်နေရသော သန့်ရှင်းရေးဝန်ထမ်း မိသားစုများသို့ အခြေခံစားသောက်ကုန်ပစ္စည်းများလှူဒါန်း

ရန်ကုန်  မေ . ၄

COVID -19 ကာကွယ်ထိန်းချုပ်ရေးကာလတွင် တာဝန်ထမ်းဆောင်နေရသော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်စီမံခန့်ခွဲ ရေးလုပ်ငန်းတာဝန်ခံအဖွဲ့ ၊မြို့ပြ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဝန်ထမ်း မိသားစု
(၁၀၁၀) စုအား အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၁၆၀၀၀ တန်ဖိုးရှိသော အခြေခံစားသောက်ကုန် (၇) မျိုး စုစုပေါင်း အလှူငွေ (၁၆၁၆၀၀၀၀)အား  ရတနာစိုင်းကောင်းမြတ်ကျော် သတ္တုတူးဖော်ရေး ကုမ္ပဏီလီမီတက် (မြို့တော်ဘိလပ်မြေစက်ရုံ၊ပြည်ညောင်) မှ ယနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ (၄) ၌လာရောလှူဒါန်းရာ  ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့သည်။

အလှူပစ္စည်းများ လှူဒါန်းရာသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ (ဒုတိယမြို့တော်ဝန်)  ဦးစိုးလွင်၊ အတွင်းရေးမှူ ဒေါ်လှိုင်မော်ဦး၊တွဲဖက်အတွင်းရေးမှူး ဦးသန်းနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သတင်း   မိုးမြင့်မောင်
ဓာတ်ပုံ     ကျော်သူထက်






အခြားဆက်စပ်သတင်းများ