နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘိုင်ယန်နဲ့အတူ အနိုင်ဂိုးတွေသွင်းရင်း နိုင်ပွဲတွေနဲ့ မှတ်တမ်းပေါင်းများစွာထပ်တိုးလိုက်တဲ့ လီဝမ်ဒေါစကီး

ဒီဇင်ဘာ ၂


စနေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်ဖြစ်တဲ့ စတုဂတ်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်း တို့ရဲ့ပွဲမှာ ဧည့်သည် ဘိုင်ယန်အသင်းက အဝေးကွင်းမှာ ကိုးမန်း၊ လီဝမ်ဒေါစကီးနဲ့ ဒေါက်ကလက်စ်ကော်စတာတို့ရဲ့ ဂိုးတွေနဲ့အတူ ၁-၃ ရလဒ်နဲ့ ခြေစွမ်းပြအနိုင်ယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ တစ်ဖက်တစ်ဂိုးစီဖြစ်နေတဲ့အနေအထား ကနေ လီဝမ်ဒေါစကီးက အတိုချပေးလိုက်တဲ့ ဘောလုံးကို မထိန်းဘဲ ဖောလိုမျောယူကာ အပိုင်တည်ပြီး ၂၂ ကိုက် အပြင်ကနေ ညာခြေနဲ့ ခါးလည်လောက်အနေအထားကို ဖြတ်ကန်ချက်က ဂိုးသမားဘယ်ဘက် ထောင့်ထဲ အဆုံးသတ်ဝင်သွားခဲ့လို့ ပထမပိုင်းပြီးခါနီးအချိန်မှာတင် ဘိုင်ယန်တို့ ပွဲကို ပြန်လည်ဦးဆောင် နိုင်ခဲ့ပါတယ်။ ဒီပွဲမှာလီဝမ်ဒေါစကီးက ၃မှတ်တန်အနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့တာကြောင့် GOAT တို့ရဲ့ ထုံးစံ အတိုင်း ရှေ့ကတည်ဆောက်ထားခဲ့ပြီးသား သွင်းဂိုးမှတ်တမ်းတွေနဲ့ပေါင်းပြီး ထူးခြားချက်လေးတွေ ထွက်ပေါ် လာခဲ့ပါတယ်။ လီဝမ်ဒေါစကီးဟာ ၂၁ ရာစုအတွင်း ပရော်ဖက်ရှင်နယ်ကလပ်အသင်းတွေအတွက် အနိုင်ဂိုးကို သွင်းယူပေးနိုင်တဲ့စာရင်းမှာ အနိုင်ဂိုးချည်းသက်သက်ပဲ သွင်းဂိုး ၁၁၃ ဂိုးနဲ့ ဖီဖာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆန်ခါတင်စာရင်းမှာ သူ့အထက်က GOAT ကြီး ၂ ယောက်အပြင် အမ်ဘာပေ၊ နေမာ၊ ဆာလာ စတဲ့ ထိပ်တန်းတိုက်စစ်ကစားသမားတွေနဲ့အတူတူ ပါဝင်နေခဲ့ပါတယ်။ လက်ရှိရာသီမှာလည်း ပြိုင်ပွဲစုံ ၁၄ ပွဲ ကစား ၁၅ ဂိုးသွင်းကာ ၅ ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပြီး ပွဲကစားချိန် မိနစ် ၈၀ တိုင်းမှာ သွင်းဂိုးတစ်ဂိုး ဘိုင်ယန်တို့အတွက် သွင်းယူပေးထားနိုင်ခဲ့သလို ဘွန်ဒက်စ်လီဂါချည်းသက်သက် ၈ပွဲမှာ ၁၂ ဂိုးသွင်းထားနိုင်ခဲ့တာကြောင့်မို့ ဥရောပထိပ်သီးလိဂ် ၅ ခုလုံးမှာ ၁၀၀ ဂိုးအထက် သွင်းထားသူစာရင်းမှာလည်း အဆင့် ၄ နေရာမှာ ရပ်တည်နေနိုင်ခဲ့ပြီဖြစ်ပါတယ်။ သူ့အထက်မှာတော့ ခရစ်စတီယာနိုက ဂိုး ၂၀၀ နဲ့ ထိပ်ဆုံးမှာရှိနေပြီး လီယွန်နယ်မက်ဆီက ၁၇၅ ဂိုး၊ ဇလာတန်အီဗရာဟီမိုဗစ်က ၁၅၂ ဂိုးတို့နဲ့ အသီးသီး ရပ်တည်နေပြီး သူ့အောက်မှာတော့ ဟီဂူရင်က ၁၀၅ ဂိုး၊ ရွန်းနီက ၁၀၄ ဂိုး၊ အက်သလက်တီကိုက ဆွာရက်ဇ်က ၁၀၃ ဂိုးတို့နဲ့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီအစကနေ အခုအချိန်ထိ ပြိုင်ပွဲစုံ ၆၂ ပွဲကစားထားပြီး ၇၁ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့တဲ့ ၃၂ နှစ်သားဟာ ဥရောပထိပ်တန်းလိဂ် ၅ ခုထဲက ဘယ်တိုက်စစ်ကစားသမားထက် မဆို သာလွန်နေပြီး အနီးကပ်ဆုံးပြိုင်ဘက်တွေဖြစ်တဲ့ ဂျူဗင်တပ်က ခရစ်စတီယာနိုနဲ့ လာဇီယိုက အင်မိုဘီလီတို့ထက်ကို ၂၅ ဂိုး သာလွန်နေပါသေးတယ်။ သူတို့က အခုအချိန်ထိ ၄၆ ဂိုးစီသာ ရထားကြသေး တာကြောင့်ဖြစ်ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ