နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နည်းပြနေရာ လူစားလဲလိုက်တဲ့ အာဆင်နယ် ကိုသာဆိုးနဲ့ တွေ့နေရပြီလား

ဒီဇင်ဘာ  ၂


အမ်မရီနဲ့လမ်းခွဲပြီးနောက် အာဆင်နယ်က အာတီတာကိုခေါ်ယူခဲ့ပြီး မျှော်လင့်ချက်တချို့ တောက်ပ ခဲ့ပေမယ့် လက်ရှိမှာတော့ အခြေအနေဆိုးရွားနေပါတယ်။ အာဆင်နယ်ဟာ အာတီတာ လက်ထက်မှာ မန်စီးတီး၊ လီဗာပူးလ်တို့ကိုအနိုင်ရခဲ့သလို အဖ်အေဖလားလည်း ရရှိခဲ့တာကြောင့် ပရိသတ်တော်တော်များများ အားပေး ချီးမြောက်ခဲ့ရာ လက်ရှိအနေထားတွေအရတော့ နိုင်ပွဲတစ်ပွဲ၊ ရမှတ်သုံးမှတ်ထက် ဂိုးပေါက်ထဲတည့်တည့်မတ်မတ်  ကန်သွင်းဖို့တောင်မှ ရုန်းကန်နေရပါပြီ။ အာဆင်နယ်အသင်းဟာသူတို့ရဲ့ မတည်ငြိမ်တဲ့ ရလဒ်တွေကြောင့် စပိန်နည်းပြအူနိုင်းအမ်မရီ ကို ထုတ်ပယ်ခဲ့ကြပါတယ်။

ထိုစဉ်က အာဆင်နယ်ပရိတ်သတ်တွေရဲ့ “တုနှိုင်းမမီ အူနိုင်းအမ်မရီ” ဆိုတဲ့စာသားက အတော်လေး နာမည်ကြီးခဲ့သလို မြောက်လန်ဒန်ကလပ်အနေနဲ့ သူတို့ရဲ့ ပုံရိပ်ကျဆင်းမှုအပေါ် နည်းပြအပေါ်သာပုံချပြီး ထုတ်ပယ်ခဲ့သလို တစ်နှစ်တင်းတင်းပြည့်ခဲ့တဲ့ချိန်မှာတော့ ဆုံးဖြတ်ချက်တချို့က မှန်ကန်ခဲ့ရဲ့လားဆိုတာ             ပြန်လည်စဉ်းစားဖို့လိုအပ်နေပါပြီ။ အာဆင်နယ်ဟာ ၁၀ လပိုင်းအတွင်း ပရီးမီးယားလိဂ် ၅ ပွဲ ကစားခဲ့သော် ငြားလည်း သွင်းဂိုးတစ်ဂိုးသာရှိခဲ့ပြီး အိုးထရဒ့်ဖိုဒ့်မှာ ပယ်နယ်တီကနေရယူခဲ့တာဖြစ်ပါတယ်။ အာဆင်နယ် တိုက်စစ်မှူး အူဘာမီးယန်းက တစ်လ ပေါင်လေးသိန်းတန် စာချုပ်သစ်ချုပ်ဆိုပြီးထဲက ဂိုးပေါက်ပျောက်သွားခဲ့ပြီး လက်ရှိမှာ ကစားကွက်ကနေ သွင်းဂိုးတစ်ဂိုးမှမရရှိသေးပါဘူး။ ဝုဗ်ကို ၂-၁ နဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာလည်း အာဆင်နယ် က သူတို့ရဲ့ တိုက်စစ်ကို ထိရောက်စွာ မပံ့ပိုးနိုင်ခဲ့ဘဲ တစ်ပွဲအတွင်း ပံ့ပိုးမှု့ (၃၀+) ရှိတဲ့ လေးသင်း စာရင်းမှာ ပါဝင်ထားပေမယ့် ကျန် သုံးသင်းက (၁၂+) ကြိမ်ကို ထိရောက်စွာ ပံ့ပိုးထားချိန်မှာ အာတီတာရဲ့ အသင်းက (၆)ကြိမ်သာ ထိရောက်မှုရှိနေပါတယ်။ တစ်ဖက်မှာတော့ ထုတ်ပယ်လိုက်တဲ့ နည်းပြဟောင်းကြီး အူနိုင်းအမ်မရီက စပိန်လာလီဂါမှာ ၁၁ ပွဲကစား ရမှတ် ၂၀ နဲ့ သွင်းဂိုး ၁၅ ဂိုးရရှိကာ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်နေချိန် အားကိုးတကြီးနဲ့ခေါ်ယူထားတဲ့ အာတီတာကတော့ လိဂ် ၁၀ ပွဲကို ၁၃ မှတ်သာရရှိကာ ၁၀ ဂိုး သွင်းယူထားပြီး ဇယားရပ်တည်မှုက အဆင့် ၁၅ မှာ နေရာယူထားခဲ့ပါတယ်။ အမ်းမရိတ်ကွင်းကြီးပိုင်ရှင် အာဆင်နယ်တို့က ပိုမိုလှပတဲ့ အနာဂတ်ကိုမျှော်လင့်ခဲ့သည့်တိုင် လက်ရှိမှာတော့ အမ်းမရိတ်မှ ငိုသံများကသာ လန်ဒန်ကို ဖုံးလွှမ်းထားတယ်လို့ ဆိုရပါလိမ့်မယ်။

(SO)






အခြားဆက်စပ်သတင်းများ