နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စာချုပ်သက်တမ်းကုန်ဆုံးလျှင် ဘိုင်ယန်မြူးနစ်အသင်းမှ ထွက်ခွာမည်ဟု မာတီနက်ဇ် ပြော

ဒီဇင်ဘာ  ၂


ဘိုင်ယန်မြူးနစ်အသင်း ကွင်းလယ်ကစားသမား မာတီနက်ဇ်က အသင်းနှင့်ချုပ်ဆိုထားသည့်စာချုပ် သက်တမ်းကုန်ဆုံးပါက အသင်းမှ ထွက်ခွာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မာတီနက်ဇ်သည် ဘိုင်ယန်မြူးနစ်အသင်းနှင့် ချုပ်ဆိုထားသည့် စာချုပ်အရ လာမည့်နွေရာသီတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

အသက် ၃၂ နှစ်အရွယ်ရှိ မာတီနက်ဇ်သည် ၂၀၁၂ ခုနှစ်က စပိန်ကလပ် ဘီလ်ဘာအိုအသင်းမှ ယူရိုသန်း ၄၀ ဖြင့် ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး အသင်းတွင် ၈ နှစ်ကြာ ကစားခဲ့သော်လည်း ယင်းအနေဖြင့် စိန်ခေါ်မှုအသစ်နှင့် ရင်ဆိုင်လိုသည့်အတွက် အသင်းမှထွက်ခွာရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

မာတီနက်ဇ်သည် ဘိုင်ယန်မြူးနစ်အသင်းသို့ ရောက်ရှိခဲ့ပြီးနောက် အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့သော်လည်း လက်ရှိ နည်းပြ ဖလင့်ခ်လက်ထက်တွင် ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေလျက်ရှိသည်။

ယင်းသည် ဘိုင်ယန်မြူးနစ်အသင်းတွင် ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ပြီးနောက် စပိန်အသင်းတွင်လည်း ပုံမှန် ရွေးချယ်ခံခဲ့ရခြင်း မရှိသည့်အတွက် ပုံမှန်ပွဲထွက်ကစားခွင့်ရရှိမည့် အသင်းသို့ ပြောင်းရွှေ့ကစားဖွယ်ရှိနေသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ