နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသင်းစည်းလုံးညီညွတ်မှုရဲ့ အဓိကအချက်ကိုရှာဖွေတွေ့ရှိခဲ့တဲ့ ဆိုးလ်ရှား

ဒီဇင်ဘာ  ၂


မန်ယူရဲ့နည်းပြဖြစ်သူ ဆိုးလ်ရှားဟာအသင်းရဲ့ တစ်ချိန်က အောင်ပွဲခံခဲ့တဲ့ နေ့ရက်တွေဆီ ပြန်လည် ရောက်ရှိသွားဖို့ရယ် ကစားသမားတွေအနေနဲ့ သရဲနီစိတ်ဓာတ်အပြည့်နဲ့ အသင်းအတွက်ပေးဆပ်ကြဖို့ရယ်ကို အလိုရှိနေတာဖြစ်ပါတယ်။ နည်းပြကြီး ဖာဂူဆန်လက်ထက်အတွင်း အောင်မြင်မှုတွေများစွာရရှိခဲ့တဲ့                                             အဓိကကျတဲ့ အခြေခံအချက်က အဝတ်စားလဲခန်းအတွင်း စည်းလုံးမှုတွေပဲဖြစ်ပါတယ်။ ရွိုင်ကိန်း၊ ဂယ်ရီနဗီးလ်နဲ့ ပီတာရှမိုင်ကယ်တို့လို ပုဂ္ဂိုလ်ရေးအရ ကစားသမားတစ်ဦးချင်းစီတိုင်းအပေါ်မှာ လွှမ်းမိုး နိုင်စွမ်းရှိခဲ့တဲ့ ကစားသမားတွေက အဝတ်လဲခန်းအတွင်းက အခြေနေတွေကိုကောင်းမွန်စေခဲ့ပါတယ်။ လက်ရှိ ယူနိုက်တက်မှာတော့ ဒီလိုကစားသမားမျိုးတွေမရှိတော့ဘဲ ဖာဂီခေတ်လွန်ကတည်းက အသင်းရဲ့ အခြေအနေတွေက ယိုင်နဲ့နေတာဖြစ်ပါတယ်။ ဒါပေမဲ့ ဆိုးလ်ရှားကတော့ လက်ရှိ အိုးထရက်ဖို့ဒ်မှာ စွမ်းဆောင်ရည်ကောင်းတွေပြသထားတဲ့ ဖာနန်ဒက်စ်ဟာ အဝတ်လဲခန်းအတွင်းက အသင်းကို ဦးဆောင် ပေးနိုင်မယ့် ကစားသမားတစ်ဦးအဖြစ် ပြန်မြင်တွေ့လာရဖို့ မျှော်လင့်လျက်ရှိနေပါတယ်။ 

နည်းပြဆိုးရှားက “ ကစားသမားတွေအနေနဲ့ ကိုယ့်တာဝန်ကိုယ်ယူဖို့ ကျွန်တော် အလိုရှိပါတယ်။ အသင်းကလိုအပ်လာရင် လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့နေရာကို အစားဝင်ပြီးတော့ ကစားပေးနိုင်ရပါမယ်။ အကြောင်းအရာတစ်ခုအတွက် ပြောနေမှာမဟုတ်ပါဘူး။ အသင်းအနိုင်ရဖို့အတွက် ပြောနေတာပါ။ ဖာနန်ဒက်စ် ကတော့ အသင်းကိုတည်ဆောက်ပေးနေတဲ့ ကစားသမားပါ။ ကျွန်တော်တို့အားလုံး သူ့ရဲ့ စိတ်ဓာတ်နဲ့ ပင်ကိုယ် စရိုက်တွေကိုသင်ယူနေရပါတယ်။ သူက အသင်းကို အမြဲတမ်း တိုးတက်နေဖို့အလိုရှိနေတဲ့ သူတစ်ယောက်ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

ဖာနန်ဒက်စ်ဟာ မန်ယူအတွက်လက်ရှိအချိန်မှာ သွင်းဂိုး ၂၁ ဂိုးအထိ သွင်းယူပေးထားပြီး အသင်းကို စရောက်ချိန်ကတည်းက စတင်ရေတွက်မယ်ဆိုရင် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်လျက်ရှိနေတာဖြစ်ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ