နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂိုးသွင်းစက် ဟာလန်းရဲ့ အံ့ဩဖွယ်လွဲချော်မှုနဲ့ အမှတ်ပြည့်ဆုံးရှုံးခဲ့ရတဲ့ ဒေါ့မွန်

ဒီဇင်ဘာ  ၂


ပြီးခဲ့တဲ့စနေနေ့က ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်ဖြစ်တဲ့ ကိုလုံးနဲ့ဒေါ့မွန်ပွဲအပြီးမှာ ၁-၂  ရလဒ်နဲ့ ဒေါ့မွန်တို့ ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။ ဒီပွဲမှာ ဂိုးသွင်းစက် ဟာလန်းဟာလည်း နောက်ဆုံးတော့ လူသားတစ်ယောက်ပါပဲ ဆိုတာ သဘောပေါက်သွားခဲ့ပါပြီ။ မာကိုရူးရဲ့ဖြတ်တင်ဘောဟာ ၆ကိုက်စည်းထဲက ဟာလန်းဆီ ကွက်တိ ရောက်ရှိလာခဲ့ပြီး အသာအယာကန်သွင်းရုံအနေအထားမှာ ဟာလန်းက အံ့အားသင့်စရာလွဲချော်သွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၂ဝ အရွယ် ဒေါ့မွန်တိုက်စစ်မှူးလေးဟာ ကိုလုံးအသင်းနဲ့ပွဲစဉ်မှာ နောက်ဆုံးမိနစ် အခွင့်အရေးကို မယုံကြည်နိုင်စရာလွဲချော်ခဲ့တာကြောင့် ပြိုင်ဘက်အသင်းကို ၃မှတ်အပြည့်ပေးလိုက်ရပါတယ်။ ဟာလန်းဟာ လက်ခံရရှိတဲ့ဘောလုံးကို ဘယ်ခြေနဲ့ပိတ်သွင်းဖို့ကြိုးစားခဲ့ရာမှာ လွဲချော်သွားခဲ့တာဖြစ်ပြီး ကစားသမားကိုယ်တိုင် ဒီလွဲချော်မှုအတွက် အတော်စိတ်ပျက်သွားခဲ့ပုံပါ။ ဒီပွဲရှုံးနိမ့်မှုကြောင့် ဒေါ့မွန်အသင်းဟာ တတိယနေရာကိုရောက်ရှိသွားခဲ့ပြီး ထိပ်ဆုံးက ဘိုင်ယန်နဲ့ ၄ မှတ်ကွာသွားခဲ့ပါတယ်။ ဟာလန်းရဲ့ ဒေါ့မွန် အသင်းကိုရောက်ရှိချိန်ကစပြီး ပြသထားတဲ့ ဂိုးသွင်းစွမ်းရည်အရ ပရိသတ်တွေက သူ့ရဲ့လွဲချော်မှုကို မယုံနိုင်အောင်ဖြစ်နေကြပါတယ်။

ပြီးခဲ့တဲ့ရာသီက ဟာလန်းဟာ ၁၅ ပွဲကစား၊ ၁၃ ဂိုးသွင်းထားခဲ့ပြီး လက်ရှိရာသီမှာတော့ ၈ ပွဲကစားပြီးချိန်မှာ ၁၀ ဂိုးသွင်းထားနိုင်တာကြောင့် ပိုမိုကောင်းမွန်တဲ့ဂိုးသွင်းစွမ်းရည်ကိုပြသထားနိုင်တယ်လို့ဆိုရမှာပါ။ ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း ၄ ပွဲကစားပြီး ၆ ဂိုးသွင်းယူထားပါသေးတယ်။

ပြိုင်ဘက် ကိုလုံးအသင်းကတော့သူတို့ရဲ့ ၁၈ ပွဲဆက်အနိုင်မရရှိထားမှုကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပြီး ကွင်းလယ်ကစားသမား Ellyes Shkiri က အနိုင်ဂိုး၂ဂိုးလုံးကိုသွင်းယူသွားခဲ့တာပါ။ ဒေါ့မွန်က ၇၅ မိနစ်မှာ သော်ဂန်ဟာဇက်က ချေပဂိုး ၁ ဂိုးသွင်းယူခဲ့ပေမဲ့ အမှတ်ရရှိအောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

(SO)






အခြားဆက်စပ်သတင်းများ