နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်၊ ကျေးရွာအချို့ နေအိမ်များပျက်စီး

နေပြည်တော် မေ ၃

မေ ၂ ရက်၊ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဒေါဆော်လဲကျေးရွာပါ ၃ ရွာ၌ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ် ၁၃ လုံး အမိုးလန် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိသည်။

အလားတူ မေ ၂ ရက်၊ နေ့လယ် ၂ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် စစ်ကိုင်းမြို့၊ မန်ကျီးကုန်းရပ်ကွက်ပါ ၂ ခုတို့၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၆ လုံး အမိုးလန်၊ နေအိမ် ၁ လုံး သစ်ပင်ပိပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အလားတူ မေ ၂ ရက်၊ ညနေ ၅ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အောင်မင်္ဂလာကျေးရွာပါ ၆ ရွာတို့၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် ၁၇ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အလားတူ မေ ၂ ရက်၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်း လေပြင်း တိုက်ခတ်မှုကြောင့် ပေါက်ချောင်း(အထက်စု)ကျေးရွာပါ ၅ ရွာတို့၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် ၁၇ လုံး၊ ပညာရေးဝန်ထမ်းအိမ်ရာ ၁ လုံး၊ ဘုန်းကြီးကျောင်းဇရပ် ၁ လုံးတို့ အမိုးလန်ပျက်စီးဆုံးရှုံး ခဲ့ကြောင်း သိရသည်။
အလားတူ မေ ၂ ရက်၊ နေ့လယ် ၂ နာရီ ၄၀ မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မြင်းကိုးသစ်ကျေးရွာပါ ၁၁ ရွာတို့၌ သက္ကယ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် ၇၃ လုံး၊ စာသင်ကျောင်း ၂ ကျောင်း၊ စာကြည့်တိုက် ၁ ခု၊ ဘုန်းကြီးကျောင်း ၂ ကျောင်းတို့ အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အလားတူ မေ ၂ ရက်၊ နေ့လယ် ၂ နာရီ ၅၀ မိနစ်အချိန် ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် (၁)ရပ်ကွက်ပါ ၅ ခုနှင့် ဝမ်ပန်ကျေးရွာပါ ၁၄ ရွာတို့၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် ၃၂၇ လုံး၊ စာသင်ကျောင်း ၅ ကျောင်း၊ ဘုန်းကြီးကျောင်း ၅ ကျောင်း အမိုးလန်၊ နေအိမ် ၁၃ လုံး ပြိုကျပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။         

ဆွေဦး






အခြားဆက်စပ်သတင်းများ