နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသင်းပြောင်းတုန်းက ဝေဖန်ခံခဲ့ရတဲ့ ကာဗာနီကို အထူးအမွှမ်းတင် ချီးကျူးလိုက်ကြတဲ့ ရွိုင်ကိန်း

ဒီဇင်ဘာ  ၁


မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မနေ့ညက စိန့်မေရီကွင်းထဲမှာ ပရီးမီးယားလိဂ် ပွဲစဉ် 10 အဖြစ် ဆောက်သမ်တန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ပွဲပြီးဆုံးချိန်မှာတော့ ၂ – ၃ ဆိုတဲ့ ရလဒ်နဲ့အတူ အဝေးကွင်းမှာ အဖိုးတန် အနိုင်သုံးမှတ်ကို ရှာဖွေသွားနိုင်ခဲ့ပါတယ်။ ဒီပွဲရဲ့ ပထမပိုင်းမှာတော့ မန်ယူတို့ဟာ အခွင့်အရေး တွေကို အသုံးမချနိုင်ခဲ့ပဲ ၂ ဂိုး ပေးခဲ့ရတဲ့အတွက် ဝေဖန်သံတွေ ညံခဲ့ရပါတယ် ။ ဒါ့အပြင် ဒီဂီယာ ဒဏ်ရာ ရသွားခဲ့တာကလည်း စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းအတွင်း ဆိုးလ်ရှားရဲ့ လူစားလဲမှုက ပွဲကို အပြောင်းအလဲဖြစ်သွားစေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဂရင်းဝုဒ်ရဲ့နေရာ ကာဗာနီ ဝင်ရောက်လာခဲ့ပြီး ဒီဂီယာနေရာမှာတော့ ဂိုးသမားလေး ဒင်းန်ဟန်ဒါဆန် ဝင်ရောက်လာခဲ့ကာ လက်စွမ်းကောင်းအချို့ ပြသ သွားနိုင်ခဲ့ပါတယ်။ တိုက်စစ်မှူး ကာဗာနီကလည်း ၄၅ မိနစ်အတွင်း အသင်းဖော် ဖာနန်ဒက်စ်အတွက် ဂိုးဖန်တီးပေးသွားနိုင်ခဲ့သလို ကိုယ်တိုင်ခြေပဂိုးနဲ့ ဦးဆောင်ဂိုးတွေကို သွင်းယူရင်း ပွဲစဉ်ရဲ့ အကောင်းဆုံး  ကစားသမားတောင် ဖြစ်သွားနိုင်ခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ် ကာဗာနီဆိုတာ ပြီးခဲ့တဲ့နွေတုန်းက မန်ချက်စတာ ယူနိုက်တက်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့ပြီး တစ်နှစ် ပေါင် 10 သန်း ဝန်းကျင် လစာပေးရတဲ့အတွက် သူဟာ ထိုက်တန်တဲ့ကစားသမားဖြစ်နိုင်မလားဆိုပြီး မေးခွန်းထုတ်ခံခဲ့ရ  ပါတယ်။ အခုတော့ Sky Sport ရဲ့ သတင်းသုံးသပ်သူဖြစ်ခဲ့တဲ့ မန်ယူဂန္ဓဝင်ရွိုင်ကိန်းက ကာဗာနီကို ခေါ်ယူတာဟာ အလောင်းအစားလုပ်သလိုမျိုးဖြစ်ခဲ့ရကြောင်း၊ ဒါပေမယ့် သူဟာ ဘာလဲဆိုတာကို ဒီနေ့ သက်သေပြသွားပြီဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။  သူ့လို ကစားသမားက ဘာလို့အသင်းလက်မဲ့  ဖြစ်နေတာလဲဆိုတဲ့အပေါ် လူတွေက သံသယဖြစ်ခဲ့ကြပါတယ်။ ရည်မှန်းချက်ရှိသူ ဖြစ်ရဲ့လား? ဆိုပြီး  မေးခွန်းလည်း ထုတ်ခံခဲ့ရပါတယ်။ ကျွန်တော်တို့ သူ့ရဲ့ အရင်တုန်းက စွမ်းဆောင်ရည်တွေကို ကြည့်ရှုခဲ့ကြပြီး  အဲ့ဒီလောက်ထိ ကောင်းသေးလား မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဒီနေ့တော့ ကျွန်တော်တို့ကို သက်သေပြခဲ့ပါပြီ "အခုတော့ သူဟာ မန်ယူအသင်းအတွက် ခမ်းနားတဲ့ကစားသမားခေါ်ယူမှုတစ်ခုတောင် ဖြစ်သွားနိုင်ပါပြီ။ ဒါဟာ အနည်းငယ်တော့ အလောင်းအစားဆန်သလို ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီနေ့တော့ အလုပ်ဖြစ်သွားခဲ့ပါတယ်”လို့ ရွိုင်ကိန်းက ထုတ်ဖော်ချီးကျူးသွားခဲ့လိုက်ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ