နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်ယူတို့ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်သလိုမျိုး အောင်ပွဲခံခဲ့တာကို ခနဲ့သွားခဲ့တဲ့ နည်းပြ ဟတ်ဆန်ဟူတယ်

ဒီဇင်ဘာ  ၁


တနင်္ဂနွေညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ မှာ မန်ယူအသင်းနဲ့ဆောက်သမ်တန်အသင်း တို့ ယှဉ်ပြိုင်ရာ စိန့်မေရီမှာဆောက်သမ်တန်အသင်းက ဘန်နာရက်၊ ဝက်ပရောက်စ်တို့ရဲ့ ဂိုးတွေနဲ့အတူ ပထမပိုင်းမှာ မန်ယူကို ၂-၀ ရလ်ဒ်နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ လူစားဝင်လာခဲ့တဲ့ အက်ဒီဆင်ကာဗာနီက ဖာနန်ဒက်ရဲ့ ချေပဂိုးအတွက် ဖန်တီးပေးခဲ့သလို သွင်းဂိုး ၂ ဂိုးကိုပါ ရယူခဲ့ပြီး ပွဲအပြီးမှာတော့ ၂-၃ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဆောက်သမ်တန်နည်းပြဟက်ဆန်ဟူတယ်က “သူတို့ရဲ့ အဝတ်လဲခန်းထဲမှာ အောင်ပွဲခံနေကြတဲ့ အသံတွေကို ကျွန်တော်တို့ ကြားနေရပါတယ်။ သူတို့ဟာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သလိုမျိုး အောင်ပွဲခံခဲ့တာကို ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ဟာ ရင်ဆိုင်ရန် ဘယ်လောက်ခက်ခဲတဲ့ ပြိုင်ဘက်လဲဆိုတာ သိရှိနိုင်ပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် အပေါင်းလက္ခဏာဆောင်တဲ့ အရာတစ်ခုလို့ဆိုနိုင်ပါတယ်။ သူတို့ဟာကျွန်တော်တို့ကို အနိုင်ရရှိဖို့အတွက် တက်နိုင်သမျှ အကောင်းဆုံးကစားသွားခဲ့ရပါတယ်။ ကျွန်တော်တို့အတွက် အကောင်းမြင်ရမယ့် အချက် ကတော့ ဆောက်သမ်တန်ဟာ ဒီလိုအသင်းတွေနဲ့ ရင်ဆိုင်နိုင်စွမ်းရှိတယ်ဆိုတဲ့အချက်ပါ။ ကျွန်တော်တို့ ဟာ ဒီလိုအသင်းမျိုးတွေနဲ့ ရင်ဆိုင်ရာမှာတတ်နိုင်သမျှ အစွမ်းကုန်ပေးဆပ် ကစားသွားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အရမ်းကောင်းတဲ့အသင်းကို တွေ့ခဲ့ရပါတယ်”လို့ ဆိုလိုက်ပါတယ်။ ဒါ့အပြင် ဆောက်သမ်တန် နည်းပြဟာ ဒီပွဲစဉ်မှာ ဘန်နာရက်ရဲ့ အဖွင့်ဂိုးနဲ့ ဖရီးကစ်ကနေ တိုက်ရိုက်ကန်သွင်းယူခဲ့တဲ့ ဂျိမ်းဝက်ပရောက်စ်ရဲ့ စွမ်းဆောင်ရည်ကိုလည်း အထူးချီးကျူးသွားခဲ့ပါတယ်။ ဟတ်ဆန်ဟူတယ်က “သူ့ရဲ့ ဖရီးကစ်သွင်းဂိုးသာမကပါဘူး။ အသင်းအတွက် သူ့ရဲ့အလုပ်လုပ်ပေးမှုဟာ အမြဲတမ်းကောင်းပါတယ်။ ကျွန်တော်တို့ ဒီနေ့မှာ ဘယ်လိုအရာတွေလုပ်ခဲ့သလဲဆိုတာကို တွေ့နိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ တအားစိတ်ပျက်စရာမရှိပါဘူး” လို့ ဆိုသွားပါတယ်။ ဆောက်သမ်တန်ဟာ လာမည့်တစ်ပတ် တနင်္လာနေ့ မှာတော့ ဘရိုက်တန်အသင်းနဲ့ ကစားသွားရမှာဖြစ်ပြီး ယူနိုက်တက်ကတော့ ကြားရက်မှာ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ပီအက်ဂျီကို အိုးထရပ်ဖို့ဒ်မှာ လက်ခံကစားရမှာဖြစ်ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ