နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသင်းအနေဖြင့် လုပ်ခလစာ လေးဆတိုးမြှင့်ပေးမှသာ စာချုပ်သစ်ချုပ်ဆိုမည်ဟု အင်တာတိုက်စစ်မှူး မာတီနက်ဇ် ပြော

ဒီဇင်ဘာ   ၁


အင်တာမီလန်အသင်း တိုက်စစ်မှူးမာတီနက်ဇ်က လုပ်ခလစာလေးဆတိုးမြှင့်ပေးမှသာ အသင်းနှင့်  စာချုပ်သစ် ချုပ်ဆိုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် ၂၃ နှစ်အရွယ်ရှိ မာတီနက်ဇ်သည် အင်တာမီလန်အသင်းနှင့် ချုပ်ဆိုထားသည့် စာချုပ်အရ သုံးနှစ် ကျန်ရှိနေသေးသော်လည်း ယင်းကို ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နှင့် ပီအက်စ်ဂျီအသင်းတို့က အလိုရှိနေကြ သည်။ အင်တာမီလန်အသင်းသည် မာတီနက်ဇ်နှင့် စာချုပ်သက်တမ်း ကျန်ရှိနေသေးသော်လည်း စာချုပ်သစ် ချုပ်ဆိုလိုနေခြင်းဖြစ်ပြီး စာချုပ်သစ်အတွက် ကမ်းလှမ်းမှုပြုလုပ်ခဲ့ရာ ယင်းအနေဖြင့် လက်ရှိရရှိနေသည့် တစ်ပတ်လုပ်ခ စတာလင်ပေါင် ၃၈,၀၀၀ ထက် လေးဆတိုးမြှင့်ပေးမှသာ လက်ခံမည်ဟု ပြောကြားခဲ့သည့် အတွက် အသင်းအနေဖြင့် အခက်တွေ့နေခြင်းဖြစ်သည်။

မာတီနက်ဇ်သည် ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလကတည်းက ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ရန် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိခဲ့သော်လည်း ယင်းအတွက် မြင့်မားသည့်ပြောင်းရွှေ့ကြေး သတ်မှတ်ခဲ့သောကြောင့် အသင်းနှင့်အဆင်မပြေဖြစ်နေခြင်းဖြစ်သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ