နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပါးအသင်းရဲ့ပွဲချဉ်းကပ်ပုံနဲ့ လျင်မြန်တဲ့ တန်ပြန်တိုက်စစ်ကို မှန်းဆနိုင်ခဲ့တယ်လို့ပြောလာတဲ့ လမ်းပတ်

ဒီဇင်ဘာ ၁


တနင်္ဂနွေညက လန်ဒန်ဒါဘီပွဲအဖြစ် ချဲလ်ဆီးအသင်းနဲ့စပါးအသင်းတို့ ယှဉ်ပြိုင်ရာစတမ်းဖို့ဒ်ကွင်းမှာ ချဲလ်ဆီးတို့ ၀-၀ ရလဒ်နဲ့သာကျေနပ်ခဲ့ရပါတယ်။ ဒီပွဲမှာ အိမ်ရှင်ချဲလ်ဆီးတို့ အဆုံးသတ်တွေမကောင်းခဲ့တာ ကြောင့် အနိုင်ရဖို့အခွင့်အရေးတွေဆုံးရှုံးခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ ဟိုဆေးမော်ရင်ဟိုက ခံစစ်ပိုင်းကို ပိုပြီး ဦးစားပေးလိုက်တဲ့အတွက်၊ ချဲလ်ဆီးအသင်းဟာ တိုက်စစ်ကို စိတ်ရှည်ရှည်နဲ့ ပုံဖော်လာနိုင်ခဲ့သလို ၊ လျင်မြန်မှု၊  အချိတ်အဆက်မိမိနဲ့ ချဲလ်ဆီးတို့ ဖန်တီးနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ၊ ဖြတ်တင်ဘောတွေ၊ အဝေးကန်ချက်တွေနဲ့သာ ပြိုင်ဖက်ခံစစ်ကို ထိုးဖောက်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ လက်ရှိ ချန်ပီယံတို့ ယခုတစ်ပတ် သရေကျခဲ့တဲ့ အနေအထားမှာ၊ အိမ်ကွင်းကစားရတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ သရေရလဒ်ဟာ ဇယားထိပ်ကို တက်နိုင်ဖို့  မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ချဲလ်ဆီးအတွက်တော့ ဒီရလဒ်ဟာ စိတ်ပျက်စရာကောင်းသလောက် စပါးအတွက် ကတော့ ဇယားထိပ်ပိုင်းမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ချဲလ်ဆီးနည်းပြ လမ်းပတ်က  စပါးရဲ့ မနေ့ကပွဲချဉ်းကပ်မှုဟာ သူမှန်းထားသလို ဖြစ်ခဲ့ပေမယ့်၊ အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့လို့ စိတ်ပျက်ခဲ့ရကြောင်း အခုလိုပဲဖွင့်ဟလာခဲ့ပါတယ်။ လမ်းပတ်က "ဒါဟာ စပါးဆီက ကျွန်တော်တို့ပွဲမတိုင် ခင်ကတည်းက မျှော်လင့်ခဲ့တဲ့ ချဉ်းကပ်ပုံနဲ့တစ်ထပ်တည်းပါပဲ။ သူတို့မှာ လျင်မြန်ပြီး၊ တန်ပြန်တိုက်စစ်  ကစားအားကောင်းတဲ့ ကစားသမားအများအပြားရှိပါတယ်။ အထူးသဖြင့် ဆွန်နဲ့ကိန်းပါပဲ။ လတ်တလော  သူတို့  ၂ ဦးရဲ့ ချိတ်ဆက်ကစားပုံက အရာရာကို ဖြိုဖျက်နိုင်စွမ်းရှိသယောင် ပေါ်ခဲ့ပြီး၊ တစ်သင်းလုံးကလည်း  ကျစ်လျစ်မှုအပြည့်နဲ့ ခံစစ်ကစားခဲ့တာကို တွေ့ရပါတယ်။ ဒါဟာ သူတို့ချဉ်းကပ်လိုတဲ့ ပုံစံဖြစ်ခဲ့ပြီး၊ သူတို့  အသင်း မန်နေဂျာညွှန်ကြားထားတဲ့အတိုင်း ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ဒီပွဲအတွက် ဘောလုံး ပိုင်ဆိုင်မှု အသာစီးရမယ်၊ ပွဲကို အချိန်အတော်ကြာ လွှမ်းမိုးချုပ်ကိုင်နိုင်မယ်လို့ မျှော်လင့်ခဲ့တာပါ။ တကယ် တမ်းမှာလည်း ကျွန်တော်တို့ ဒါကိုစွမ်းဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်ကတော့ အသင်းသားတွေကို ပြိုင်ဘက် တွေ ဖိအားအောက်ရောက်အောင် တွန်းပို့ဖို့အလိုရှိခဲ့တာပါ။ တကယ်လည်း တောင်ပံတိုက်စစ်ကစားအား တွေနဲ့ ကျွန်တော်တို့ အချိန်တိုင်းလိုလို ဖိအားပေးခဲ့ပါတယ်။ တချို့ တချို့သော အခြေအနေတွေမှာတော့ ကျွန်တော်တို့အနေနဲ့ အဆုံးသတ် သေချာဖို့လိုအပ်နေတာကြောင့် ရရှိတဲ့အခွင့်အရေးတွေကို အပိုင်အဆုံး မသတ်နိုင်ခဲ့တာကိုတော့ စိတ်ပျက်ခဲ့ရပါတယ်။” လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ