နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သာကေတမြို့နယ်သို့ Mobile ဈေးကားများ လာရောက်ရောင်းချ

ရန်ကုန်၊ ဒီဇင်ဘာ ၁ရက်

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုများနေချိန်မှာ ပြည်သူများမိမိနေအိမ်မှနေ၍ ဈေးများသို့ သွားရောက်မဝယ်ယူရပဲ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် Mobile Market ဈေးကား များဖြင့် ရောင်းချပေးပြီး ရောဂါကူးစက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန် အတွက်  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့်ညီနောင်အသင်းလုပ်ငန်းရှင်တို့ ပူးပေါင်း၍ စီစဉ်ရောင်းချပေးလျက်ရှိသော Mobile Market ဈေးကားများသည်ယနေ့နံနက်ပိုင်း၇နာရီမှ စတင်၍ သာကေတမြို့နယ်ရှိ (၁၀)ရပ်ကွက်ခိုင်ရွှေဝါလမ်းနှင့် သလ္လာဝတီလမ်းထောင့်၊ ဓမ္မာရုံလမ်းနှင့်သလ္လာဝတီလမ်းထောင့် သို့ လာရောက်၍Mobileဈေးကားများဖြင့် ရပ်ကွက်နေ ပြည်သူများအား လှည့်လည်ရောင်းချ ပေးခဲ့ကြောင်းသိရသည်။

  "အခုလိုဈေးဝယ်ယူရာတွင်လည်း လူအများကြားတိုးဝင်စရာမလိုပဲ စည်းကမ်းရှိရှိ၊ စနစ်တကျဝယ်ယူရကြောင်း၊ အသားနှင့်ဟင်းသီးဟင်းရွက်တွေကလည်း သန့်ရှင်းလတ်ဆတ်တယ်၊ ဒီလို Stay homeကာလအတွင်း တစ်ပတ်ကို ၃ရက်လောက်လာရောက်ရောင်းချပေးနိုင်ရင်ပိုကောင်းပါတယ် ဈေးအတွင်းဝယ်ရသောဈေးနှုန်းနှင့် Mobile ဈေးကားများရောင်းချပေးနေတဲ့ဈေးနှုန်းက ပိုသက်သာပါတယ်"ဟုသာကေတမြို့နယ် နေထိုင်သော ဈေးလာရောက် ဝယ်ယူသူတစ်ဦးမှ ပြောသည်။

    ယနေ့လာရောက်ရောင်းချသော ဈေးကားများတွင် ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ အမဲသား၊ ရေချို/ရေငန် ငါးအမျိုးမျိုး၊ ပုဇွန်၊ ပင်လယ်စာများ၊ ကြက်ဥ၊ ဘဲဥ၊ စားသုံးဆီနှင့်ဟင်းသီးဟင်းရွက်  Mobile Market ဈေးကား(၈)စီးဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

သတင်း / ဓာတ်ပုံ - ကျော်သူထက်






အခြားဆက်စပ်သတင်းများ