နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ - ကိုရီးယားချစ်ကြည်ရေး ဒလတံတားစီမံကိန်း ၂၀ ရာခိုင်နှုန်း ပြီးစီးလာ

ရန်ကုန်၊  နိုဝင်ဘာ  ၃၀


ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်နှင့် ဒလမြို့နယ်တို့သို့ ရန်ကုန်မြစ်အားဖြတ်သန်းကာ ဆက်သွယ်တည်ဆောက်နေသော မြန်မာ - ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတားစီမံကိန်းကို အပိုင်းသုံးပိုင်း ခွဲကာ တည်ဆောက်နေပြီး ယခုအခါတွင်လုပ်ငန်းအားလုံး၏ ၂၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း တံတား တည်ဆောက်ရေးအဖွဲ့ စီမံကိန်းရုံးမှသိရသည်။

" အခုကတော့ ဒလတံတားစီမံကိန်းကအပိုင်းသုံးပိုင်းစလုံး ပြန်လည်စတင်နေပြီဖြစ်ပါတယ်။ ပင်မ တံတားအနေနဲ့ဆိုရင် ပြီးခဲ့တဲ့ နိုဝင်ဘာလနောက်ဆုံးအပတ်က ဘိုးပိုင်တစ်လုံးက အားလုံးပြီးစီးပြီး ကွန်ကရစ်လောင်းတာတွေ လုပ်ကိုင်ပြီးဖြစ်ပါတယ်။ ဒီအတွက် ပင်မတံတားမှာ ဘိုးပိုင် စုစုပေါင်းဆိုရင် ၄၆ လုံးရှိတဲ့နေရာမှာ ၂၇ လုံးသောဘိုးပိုင်တွေပြီးစီးလို့ ကွန်ကရစ်လောင်းပြီးဖြစ်ပါတယ်။ ဒီတံတားကြီးကို ကိုရီးယားနိုင်ငံရဲ့ တည်ဆောက်ရေး Quality Control အတိုင်း Quality မီသော၊ ခိုင်ခံ့ကောင်းမွန်သော တံတားကြီးတစ်စင်း ပေါ်ပေါက်လာဖို့ကို ဆောင်ရွက်နေပါတယ်။ ဒါ့အပြင်လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ လည်း တည်ဆောက်ရေးလုပ်ငန်းမှာပါဝင်နေတဲ့ လုပ်သားတွေ Safety ကိုလုံခြုံ စိတ်ချစွာဆောင်ရွက်နိုင်အောင် ကြီးကြပ်ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ဒီတံတားကြီးကို ၂၀၂၂ ခုနှစ်အောက်တိုဘာလမှာအားလုံးပြီးစီးအောင်ဆောင်ရွက်သွားဖို့မျှော်မှန်းပြီးလုပ်ဆောင်နေပါတယ် "ဟုဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချို ကပြောသည်။

ယခုအခါတွင် မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလတံတားကြီးကို အပိုင်းသုံးပိုင်းဖြင့်ဆောင်ရွက်နေပြီး လုပ်ငန်းပြီးစီးမှု ၂၀ ရာခိုင်နှုန်း ရှိလာပြီဖြစ်သည်။ မြတ်နိုးသူဆောက်လုပ်ရေးမှ တာဝန်ယူဆောင်ရွက်နေသည့် ပထမအပိုင်းဖြစ်သော ဒလမြို့နယ် ရန်ကုန်မြစ်ဆိပ်ကမ်းအနီး ဗိုလ်မင်းရောင်လမ်းပေါ် ဒလဘက်အခြမ်း ချဉ်းကပ်တံတားအပိုင်းတွင် ကမ်းကပ်ခုံ A 1 အပိုင်း Abutment Bored Pile တူးဖော်ခြင်း/ဘိုးပိုင်းတူးဖော်ခြင်း/ ချဉ်းကပ်တံတား Bored Pile တူးဖော်ခြင်းလုပ်ငန်းများ / ကွန်ကရစ်လောင်းခြင်း လုပ်ငန်းများပါဝင်ပြီး  ထိုအပိုင်း တွင် Pile တိုင်  ၁၄ ခုတည်ဆောက်ခြင်းနှင့် လေးလမ်းသွားတံတားချဉ်းကပ်လမ်း တည်ဆောက်ခြင်းတို့ ပါဝင်ကြောင်းသိရသည်။ အလားတူ ဒုတိယ ရန်ကုန်ဘက်ကမ်းအပိုင်းကို ရွှေတောင်ဆောက်လုပ်ရေးမှ တာဝန်ယူ တည်ဆောက်နေပြီး လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းထိပ် ရန်ကုန်မြစ်ဘေးစီမံကိန်းနေရာတွင် Bored Pile တူးဖော်ခြင်းလုပ်ငန်းများ/ကွန်ကရစ်လောင်းခြင်းနှင့် သံမဏိသံခြင်းကြီးများချခြင်း လုပ်ငန်းများပါဝင်ကာ စက်ယန္တရားကြီးများဖြင့် ဆောင်ရွက်နေကြောင်းသိရသည်။

ထိုရန်ကုန်ဘက်ခြမ်းတံတား တည်ဆောက်ရေးတွင် ဒလဘက်မှ ဘုန်းကြီးလမ်းအတိုင်း နှစ်လမ်းသွား တံတား တစ်စင်း/ဒလဘက်မှ ကမ်းနားလမ်းအတိုင်း ရန်ကုန်မြို့တွင်း ဆူးလေဘုရားဘက်သို့ တစ်လမ်း မောင်းတံတားတစ်စင်း/ ဒလဘက်မှ ကမ်းနားလမ်းအတိုင်း အလုံမြို့နယ်ဘက်သိူ့တစ်လမ်းမောင်း တံတား တစ်စင်း စုစုပေါင်းတံတားသုံးစင်းဖြင့် ဖြာဆင်းကာတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ တတိယ အပိုင်း ပင်မတံတား၏ PY 1 နှင့် PY 2 အပိုင်းရေ လယ်ပိုင်းခန်းဖွင့်တာဝါတိုင်ကြီးနှစ်တိုင်နှင့် ကေဘယ်လ်ကြိုးဆိုင်းတံတားကိုနိုင်ငံတကာအဆင့်မီနည်းပညာ ကုမ္ပဏီ ကြီးတစ်ခုဖြစ်သော CCEC တရုတ် ကုမ္ပဏီ မှတည်ဆောက်နေခြင်းဖြစ်ပြီး နည်းပညာအားလုံးသည် နိုင်ငံတကာ အဆင့်မီစံချိန်စံညွှန်းအတိုင်း ကိုရီးယား နည်းပညာကိုအသုံးပြုပြီး ကေဘယ်လ်စေးကြိုးတံတားဒီဇိုင်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်းတံတား ဦးစီးဌာန မှသိရသည်

ထိုတံတားကြီး၏ရေလယ်အပိုင်းတာဝါတိုင်နှစ်တိုင်၏အကွာအဝေးသည်  မီတာ  ၃၇၀  ခန်းဖွင့်အကျယ် ရှိကြောင်း သိရသည်။ တံတား၏ဒလဘက်ခြမ်း ချဉ်းကပ်တံတားအရှည်သည် ၅၇၇ မီတာရှိပြီး ရန်ကုန်ဘက်ခြမ်းချဉ်းကပ်တံတား အရှည်သည် ၆၀၁ မီတာ ရှိကာ ရေလယ်အပိုင်းပင်မတံတား အရှည် သည်မီတာ ၆၉၀ ရှည်ရှိသည် စုစုပေါင်း တံတားအရှည်သည် ပေ ၆၁၄၄ ပေရှိသည်။ ရေလမ်းကင်းလွတ်ခွင်အမြင့် သည် ၄၉ မီတာ(၁၆၀ ပေ)ရှိသည်။တံတားတွင်တစ်ဖက်လျှင် ၄ မီတာ ကျယ်ဝန်းရှိလူသွားလမ်းပလက်ဖောင်းအသွား/အပြန်ပါရှိသည့် လေးလမ်းသွားတံတားဖြစ်ကြောင်း သိရသည်။

 ထိုတံတားစီမံကိန်းသည် မူလတွင် အမေရိကန်ဒေါ်လာ သန်း ၁၃၇ ဒသမ ၈၃၃ ဖြစ်ပြီး လက်ရှိတွင် ပင်မတိုင်ကြီးများနောက်ဆုတ်ကာ ၂၅၁ မီတာအကျယ်မှ ၃၀၁ မီတာအထိ တိုးချဲ့ကာ ဆောင်ရွက်ရသည်။      အမေရိကန်ဒေါ်လာ သန်း ၂၀ ထပ်မံကုန်ကျသည့်အတွက် စုစုပေါင်းအမေရိကန်ဒေါ်လာ သန်း ၁၅၇ ဒသမ ၈၃၃ အကုန်ကျခံတည်ဆောက်နေခြင်းဖြစ်ကြောင်း ထိုငွေကို ကိုရီးယားနိုင်ငံ EDCS ချေးငွေ  အတိုးနှုန်း ဝ ဒသမ ဝ၁ ရာခိုင်နှုန်း ဖြင့် ရယူ၍ နှစ် ၄၀ ချေးငွေဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။Main ကန်ထရိုက်တာသည်ကိုရီးယားနိုင်ငံ၏ GS Engineering Group မှ အဓိကတာဝန်ယူတည်ဆောက်ခြင်းဖြစ်ကြောင်း တံတားဦးစီးဌာနမှ သိရသည်။

မင်းခ






အခြားဆက်စပ်သတင်းများ